အပိုင်း-(၆)

95 5 0
                                    

နတ်မြွေလောက၏ အရှင်သခင်-၆-


-


-

-

-

------------

လအနည်းငယ်ကြာတဲ့အခါ ဇနီးမောင်နှံတိုင်းထံတွင်သတင်းကောင်းများပေါ်ထွန်းလာ၏..။

အသိုက်လုပ်ရန် လိုအပ်သောပစ္စည်းများ ရှာဖွေနေကြသည့်နတ်မြွေအပေါင်းသည် ဖခင်ဖြစ်‌တော့မည်မို့  စိတ်လှုပ်ရှားနေကြသည်...။

ထိုထဲတွင် ချစ်သောထံမှ သတင်းကောင်းစောင့်နေသော ရှောင်းအရှင်လဲ ရှိနေသည်။

အခြေနေအရပ်ရပ်များကြောင့် ဖခင်တစ်ဦးဖြစ်ရန်လုံလောက်သောအင်အားများရှိသော်လည်း လက်တလော မငြိမ်မသက်ဖြစ်နေသောတိုင်းရေးပြည်ရေးများကြောင့် ချစ်သောဧကရီဝမ်သည်လည်း စိတ်ညစ်ညူးလို့နေပြီ။

အမြန်ဖြေရှင်းနိုင်ရန် ရှောင်းအရှင်သည် ကြိုးစားအားထုတ်နေရသည်။

မြူတွေဆိုင်းနေတဲ့တောင်နန်းဆောင်မှာ အနားယူနေသောဝမ်ဧကရီသည် ငှက်မိစ္ဆာများရဲ့အတင့်ရဲမှုကြောင့် နှလုံးရေးမတည်မငြိမ်ဖြစ်နေတော့သည်။

ပွဲတော်တည်ရန်အချိန်ကျသော်လည်း အဆောင်တွင်းရှိမနေတဲ့ ဧကရီလေးကြောင့် ရှောင်းအရှင်မှာ ရှာပုံတော်ဖွင့်ရတော့သည်။

အပိုင်ပေးထားတဲ့ခြေချင်းလေးရဲ့ခြူသံလေးတွေကို မနည်းခြေရာခံလိုက်ရ၏။



" ဝမ် .."

" ရှောင်း.."


အသိအမှတ်ပြုရုံသာခေါင်းငြိမ့်ပြလာ၏..။

‌ရှူမဝတဲ့မျက်နှာတော်လေးမှာ အေးချမ်းမှုအတိ၊
မထိရက်မတို့ရက်စွာ ငေးကြည့်နေရသည့်ဧကရီလေးမို့ တခါတလေများ စိတ်သဘောအလိုကျ ထွေးပွေ့လိုက်ချင်စမ်းပါဘိ။

ရှောင်းကျန့်လို နောက်ဆုံးမျိုးဆက်အတွက် ဘာတွေကများ ခက်ခဲစေတာပါလိမ့်...

"ငှက်မိစ္ဆာအရေး ပူပန်နေတာများလား.."

"........"


အငြင်းစကားမဆိုသည်မို့ ဟုတ်သည်ဟု ရှောင်းကျန့်ယူဆလိုက်သည်။

‌နတ်မြွေလောက၏ အရှင်သခင် [Ongoing ]Donde viven las historias. Descúbrelo ahora