အပိုင်း -(၈)

85 3 0
                                    


နတ်မြွေလောက၏ အရှင်သခင်-8-


-


-

---



--------------

တိုက်ပွဲအခြေအနေပြင်းထန်မှုကြောင့် နတ်မြွေတစ်ကျွန်းလုံး အနေကျုံ့လာပြီဖြစ်သည်။

ဧကရာဇ်ကိုယ်တိုင် တိုက်ထုတ်ရသည့်အခြေအနေများကြောင့် အဆိုးဆုံးအခြေအနေလို့ပင်ပြောလို့ရနေပြီ...။

နန်းတွင်းရေးရာအတွက် ဧကရီဝမ်ရှိနေ၍ တချို့သောအရေးများအား ကိုင်တွယ်နိုင်ပါသည်။ 

အရင်ကထင်ပင် ပိုတည်ငြိမ်လာသော အရှင်ဝမ်‌သည် ရွှေရောင်အမြုတေရရှိထိုက်သူဖြစ်ပါပေ့ .။

" သတင်းပို့ပါတယ် ...!! ဧကရာဇ်ရှိတဲ့ မြောက်ဘက် ရွှီးကျယ် နယ်မြေမှာ အခြေအနေဆိုးနေပါပြီ အရှင်ဝမ်..."


" ဧကရာဇ် ထိခိုက်ဒဏ်ရာ ရမှာကျိန်းသေတယ်.."


"   တတိယ‌ခောတ်နှောင်းအချိန်ကို တစ်ပါတ်ပြန်လည်လာပြီပဲ..ကျုပ်တို့အတွက် လုံခြုံပါတော့မလား.. စိုးရိမ်စရာပဲ..  "


" ဧကရီဝမ်က ကိုင်တွယ်နိုင်မှာပါ.."

" ဧကရာဇ်က မဟူရာအမြုတေပိုင်ဆိုင်သူလေ.. သူတောင် မကိုင်တွယ်နိုင်တာ အရှင်ဝမ်က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "


အရပ်သားများကဲ့သို့ တာဝန်မဲ့စွာပြောဆိုနေကြသောအမတ်တို့အား အရှင်ဝမ် သည်းမခံနိုင်တော့ပါ..။

ဒီလောက်တောင်မှ ကိုယ့်အသက်ကိုယ် နှမျောနေလိုက်ပုံများ..

ကစားပွဲကောင်းကောင်းဖန်တီးပေးမယ်..


" အတင့်ရဲလိုက်တာ..!!!  ငှက်မိစ္ဆာတွေရဲ့လက်နဲ့မသေဘဲ ကိုယ်တော့်လက်ထဲမှာ သေချင်နေကြတာလား.."

အရှင်ဝမ်ရဲ့ ချိန်းခြောက်မှုသည် ညီလာခံတစ်ခုလုံး တိတ်ဆိတ်သွားအောင် စွမ်းဆောင်နိုင်ပါသည်..။

အခွင့်ကောင်းစောင့်နေသော ဦး‌ရီးတော်၁၃သည် တစ်ယောက်မှ စကားမပြောရဲသည့်အချိန်ရောက်ကာမှ  စကားဆိုလာ၏။

" စိုးရွံမိပါတယ် တူတော်ဝမ်..."


" ..... "

‌နတ်မြွေလောက၏ အရှင်သခင် [Ongoing ]Donde viven las historias. Descúbrelo ahora