Unicode //
Part-5
" ကျွန်တော် အတန်းသွားတက်ရအံုးမယ် အစ်မ"
ကျွန်တော့်ကိုဖက်ထားဆဲဖြစ်တဲ့ အစ်မ ကိုတိုးတိုးလေးပြောလိုက်တော့ အစ်မ ဆီကတစ်ခစ်ခစ်ရယ်သံထွက်ပေါ်လာသည်။
" တို့ အတန်းချိန်ပြောင်းပစ်လိုက်ရမလား "
ဒီတစ်ခါရယ်သံထွက်လာတာကတော့ ကျွန်တော့်ဆီကနေပေါ့
" မလိုပါဘူးဗျာ အစ်မ ရောမပြန်သေးဘူးလား "
" ပြန်မှာပါ မင်း အတန်းပြီးတဲ့ထိစောင့်မလို့ နောက်မှတူတူပြန်ရအောင် "
" အစ်မ ကနာမည်ကြီးတစ်ယောက်နော် "
" မင်း က တို့ ကောင်လေးနော် "
တစ်ချိန်က ရူဘီဂျိန်း သည်အနုပညာလုပ်ငန်ူအပေါ်ရူးသွပ်သူဖြစ်သည်။ ယခုအခါ ကင်မ်ဂျီဆူး ကိုရူးသွပ်သူဖြစ်လာခဲ့သည်။
_____________ ____
အတန်းထဲပြန်လာပြီး ဆရာမ သင်သမျှကိုသေချာစွာဂရုတစိုက်နားထောင်နေသည်။ အရင်နေ့တွေကလည်းနားထောင်နေကြဆိုပေမယ့် ဒီနေ့ သင်ခန်းအပေါ်ပိုပြီးအာရုံစိုက်ထားရသည်။ ဘာလို့ဆို အစ်မ သည်ကျွန်တော့်ရဲ့အတွေးကိုလွှမ်းမိုးထားတာကြောင့်ပင်။
" ဂျီဆူး မင်း ကိုရုံးခန်းကဘာတဲ့လဲ "
အတန်းခေါင်းဆောင် မေးလာတဲ့မေးခွန်းကြောင့် အစ်မ ကိုတွေးမိပြန်သည်။
" ဘာမှမဟုတ်ပါဘူး ဒီတိုင်းဘဲ "
" အင်အင် "
ဆရာမ ထွက်သွားသည်နှင့်တစ်ပြိုင်နက် စာအုပ်တွေကိုမြန်မြန်ကောက်ထည့်ကာ အစ်မ ဆီသွားဖို့ဦးတည်လိုက်သည်။
" ဂျီဆူး ဒီနေ့တက်ကြွနေပါလား "
" ဟီး "
ယွမ်ဟယ် စကားကိုသဘောတကျရယ်ပြီး အခန်းဝကထွက်ဖို့ပြင်ချိန် ရိန်း နဲ့သွားတိုးတော့သည်။
" ဝိုး ငါတို့ ကင်မ်ဂျီဆူး ဒီနေ့လောနေပါလား ဘာလဲ ကောင်မလေး ရသွားပြီးလေ "
ရိန်း စကားကိုဘာမှပြန်မပြောဘဲနေနေတာကြောင့်
" သေချာပြီး သူ့မှာကောင်မလေးရှိနေတာ "
ESTÁS LEYENDO
100%LoVe + 0%money
FanficUnicode// ချစ်ခြင်းမေတ္တာ ရဲ့ပူလောင်ခြင်း၊ အေးချမ်းခြင်းဟူသည် ဖန်တီးသူနှင့်သာ တိုက်ရိုက်သက်ဆိုင်သည်။ Raung sin (Kims's Jayden) Zawgyi// ခစြျခွငျးမတေ်တာ ရဲ့ပူလောငျခွငျး၊ အေးခမြျးခွငျးဟူသညျ ဖနျတီးသူနှင့ျသာ တိုကျရိုကျသကျဆိုငျသညျ။