Unicode //
Part-6
အိပ်ယာကနိုးတာနဲ့ စားပွဲပေါ်ကဖုန်းကိုယူကြည့်လိုက်တော့ ချာတိတ် ညတုန်းကပို့ထားတဲ့စာလေးကိုတွေ့လိုက်ရသည်။
" ကျွန်တော်အိမ်ပြန်ရောက်ပြီးနော် အစ်မ " တဲ့
ကုတင်ခေါင်းရင်းကနာရီကိုကြည့်လိုက်တော့ မနက်၆ နာရီပင်
" အခုဆိုအလုပ်မှာဘဲလားမသိ "
ဖုန်းဆက်ဖို့တွေးနေရင်းကနေ အလုပ်မှာဆိုအနှောက်အယှက်ဖြစ်မှာစိုးလို့ အလုပ်ဆီကိုသွားရန်သာဆုံးဖြတ်လိုက်သည်။
ရေချိုးခန်းထဲသို့မြန်မြန်ပြေးဝင်ပြီး ချာတိတ်ဆီသွားရန်သာစိတ်ကေတွးနေသည်။
.
.
." ရူဘီ ဒါကဘယ်လဲ "
မီးဖိုချောင်ကနေရေဘူးကိုင်ကာထွက်လာတဲ့ အိုင်ရင်း အွန်နီး
" ဂျီဆူး ဆီသွားဖို့ "
" ရည်းစားရှိတဲ့လူတွေများအလုပ်ကိုရှုပ်နေရော နင် ဒီနေ့လေးဘဲနားရက်ရတာ အိပ်ရေးဝအောင်အိပ်လေ "
" ဂျီဆူး မျက်နှာမြင်ရင်အိပ်ေရးဝပြီး အွန်နီး "
ပြောပြီး ကားပေါ်ပြေးတက်သွားတဲ့ ရူဘီ ကပရိသတ်တွေကြားမှာတော့ ချေမိုးလွန်းသူဟုနာမည်ကြီးသည်။
" အံ့ဩပ သူ့ပရိသတ်တွေဒီပုံကိုမြင်ရင် မေ့လဲကုန်ကြတော့မယ် "
လက်ထဲကရေဘူးကိုမော့သောက်ပြီး ကိုယ့်အိပ်ခန်းကိုယ်ပြန်ဝင်ကာ ပြန်အိပ်လိုက်သည်။
_____________ _____
ချာတိတ် ရဲ့အိမ်ရှေ့မှာကားရပ်ထားတာ နာရီဝက်လောက်ပင်ရှိပြီး။ အိမ်ထဲဝင်သွားသင့်လား အလုပ်ကိုဘဲသွားရမှာလားစဉ်းစားရခက်နေသည်။
" ဖုန်းဆက်လိုက်သင့်လား "
တစ်ကိုယ်တည်းတီးတိုးပြောဆိုနေရင်းကနေ ချာတိတ် ဆီကဖုန်းလေးဝင်လာခဲ့သည်။
" ဟယ်လို အစ်မ လား "
ကျွန်မ အတွေးတိုင်းကိုသူကပင်သိနေသည့်အတိုင်း
" ကျွန်မ ဆီဖုန်းဆက်ပြီး အစ်မ လားဆိုတော့ ဟင့်အင်း ကင်မ်ဂျီဆူး ကောင်မလေးပါရှင် "
YOU ARE READING
100%LoVe + 0%money
FanfictionUnicode// ချစ်ခြင်းမေတ္တာ ရဲ့ပူလောင်ခြင်း၊ အေးချမ်းခြင်းဟူသည် ဖန်တီးသူနှင့်သာ တိုက်ရိုက်သက်ဆိုင်သည်။ Raung sin (Kims's Jayden) Zawgyi// ခစြျခွငျးမတေ်တာ ရဲ့ပူလောငျခွငျး၊ အေးခမြျးခွငျးဟူသညျ ဖနျတီးသူနှင့ျသာ တိုကျရိုကျသကျဆိုငျသညျ။