100%LoVe + 0%money

650 49 11
                                    

Unicode //

Part-26

လအနည်းငယ်ကြာတော့ ကျွန်တော်တို့ရဲ့မဂ်လာရက်ကိုသတ်မှတ်ခဲ့ကြသည်။ အဲ့နေ့က မ နဲ့ကျွန်တော်ချစ်သူစဖြစ်ကြတဲ့ရက်လေးပေ။ လာမယ့်အပတ် June 18 သည်ကျွန်တော်နဲ့အစ်မ သုံးနှစ်ပြည့်ချစ်သူသက်တမ်းဖြစ်ပြီး လက်ထပ်မယ့်နေ့ဆိုလည်းဟုတ်သည်။

" မောင် ဒီပုံစံကြိုက်လား "

အခုအစ်မနဲ့တူတူမဂ်လာဆောင်ဖိတ်စာလာကြည့်ကြတာဖြစ်သည်။

" အစ်မ ရောသဘောကျလား "

" အစ်မ ကဟိုရွှေရောင်လေးရော ဒီအဖြူရောင်လေးပါနှစ်ခုလုံးသဘောကျနေ ရွေးရခက်တာမောင် ရာ "

အစ်မ စကားကြောင့်သဘောကျစွာရယ်လိုက်ပြီး

" ဒါဆို မောင် ရွေးပေးရမလား "

" ဟုတ် "

" မောင် ကအဖြူရောင်လေးသဘောကျတယ် ဘာလို့ဆို အစ်မ ကိုစစသဘောကျတုန်းက အစ်မ ကအဖြူရောင်ဂါဝန်လေးနဲ့လေ "

ကျွန်တော့်စကားကြောင့် အစ်မ ကရှက်သွားဟန်

" ဝါး မြို့တော်ဝန် ကတကယ်ဘဲဖန်တွေပြောသလို romaboy ဘဲ "

ဘေးနားဝန်ထမ်းဖြစ်သူစကားကြောင့်ကြောင်သွားပြီး

" ဟင် "

" မြို့တော်ဝန် အဲ့တာမသိဘူးလား မြို့တော်ဝန် ကအရမ်းကို romance ဖြစ်လွန်းလို့ romaboy လို့ခေါ်ကြတယ် "

" အဲ့လောက်ကြီးကျ "

" ဆက်စနေရင် ရှင်တို့မြို့တော်ဝန်ကျွန်မရင်ခွင်ထဲရောက်လာလိမ့်မယ် "

အစ်မ ကပါဘေးကနေဝိုင်းမြှောက်ကာ စ နေတာကြောင့် ဆူပုတ်ပြီးကြည့်လိုက်သည်။

" ဒီအဖြူ‌ေလးဘဲယူမယ်နော် တစ်ပတ်ခါလောက်ရနိုင်မလား အရေအတွက်နည်းနည်းပါဘဲ ‌ဆွေမျိုးတွေနဲ့လောက်ဘဲလုပ်မလို့ "

" ဟုတ်ကဲ့ "

လိုအပ်သည့်စာများကိုပြောပြပေးကာ ဆိုင်ထဲကနေထွက်လာခဲ့ကြသည်။

" ‌ရှင် ‌လက်ထပ်ခံနီးမှကလေးပိုဆန်လာသလားလို့ " 

ကားပေါ်ရောက်တာနဲ့စနောက်ပြီးပြောလာတဲ့အစ်မ ကြောင့်

100%LoVe + 0%moneyWhere stories live. Discover now