Unicode //
Part-25
" အစ်မ လက်ထပ်ပွဲကိုဘယ်တော့လောက်လုပ်ချင်လဲ အစ်မ World tour ပြီးမှလုပ်ချင်လား"
" အစ်မ World tour ကနောက်နှစ်ကူးသွားမယ် မောင် "
" ဘာမှမဖြစ်ပါဘူး အစ်မ သဘောပါ အစ်မအဆင်ပြေဖို့ဘဲအရေးကြီးတယ် "
" ကျေးဇူးပါ မောင် ဒါနဲ့ မောင် ကျောင်းဆက်တက်ဖို့က "
" ကျောင်းပြီးဖို့ကနှစ်နှစ်လောက်ကျန်သေးတယ် ဦးလေးဂျွန် ကတော့ကျောင်းတက်ခိုင်းနေပြီး ကျန်တာသူဝိုင်းကူပေးမယ်တဲ့ "
" ကောင်းတာဘဲ ကျောင်းဆက်တက်လိုက်တော့လေ မောင် "
" ဟုတ် "
" ရူဘီဂျိန်း ရေ "
အော်ပြီးအခန်းထဲပြေးဝင်လာတဲ့ အိုင်ရင်းအွန်နီးကြောင့်မျက်စောင့်ထိုးပြီးကြည့်လိုက်သည်။
" နင်တို့သာယာသာကိုလာဖျက်တာမဟုတ်ဘူး ပြောစရာရှိလို့ "
" ဟုတ် ပြောလေအွန်နီး "
" မနက်ဖြန်ကျရင် နင်တို့နှစ်ယောက်လုံးအင်တာဗျူးရှိတယ် "
" ဟင် ညီမဆီလည်းအဲ့အကြောင်းမတက်လာပါဘူး "
ပုံမှန်ဆို အင်တာဗျူးကိစ္စတွေက ကျွန်မ ဆီတက်လာနေကြ။ ကျွန်မ ကခွင့်ပြုလိုက်မှသာသူတို့ကရက်ချိန်းပြန်ရွေးကြတာလေ
" ဟဲဟဲ ငါကြားဖျက်လုပ်လိုက်တာ သူတို့ကနင်တို့နှစ်ယောက်လုံးကိုအင်တာဗျူးချင်တာတဲ့ "
" အွန်နီး ကတော့လုပ်ပြီး မောင် ကအားလားမအားလားမသိဘဲနဲ့ "
" ရပါတယ် အစ်မ ရဲ့ "
" ဂျီဆူး ကတောင်ရတယ်ပြောနေပြီးကို "
_________ ____
ပထမဦးဆုံး အစ်မ နဲ့တူတူအင်တာဗျူးရမှာမို့ရင်ခုန်နေတာတော့အမှန်
မှန်ထဲကကိုယ့်ပုံကိုယ်ကြည့်ပြီး သက်ပြင်းခနခနချနေမိသည်။
" အစ်မ ရဲ့မောင် ကကြည့်ကောင်းလိုက်တာ "
စိတ်လှုပ်ရှားနေပုံရတဲ့ မောင့် ကိုအနောက်ကနေဖက်ပြီးပြောလိုက်သည်။
YOU ARE READING
100%LoVe + 0%money
FanfictionUnicode// ချစ်ခြင်းမေတ္တာ ရဲ့ပူလောင်ခြင်း၊ အေးချမ်းခြင်းဟူသည် ဖန်တီးသူနှင့်သာ တိုက်ရိုက်သက်ဆိုင်သည်။ Raung sin (Kims's Jayden) Zawgyi// ခစြျခွငျးမတေ်တာ ရဲ့ပူလောငျခွငျး၊ အေးခမြျးခွငျးဟူသညျ ဖနျတီးသူနှင့ျသာ တိုကျရိုကျသကျဆိုငျသညျ။