Unicode //
Part -9
- 2023 ကုန်ဆုံးပြီး မနက်ဖြန်ဆိုရင် 2024 နှစ်သစ်ကိုရောက်မယ်ဆိုတော့ ဘယ်အနုပညာရှင်ရဲ့dating new ကိုလက်ဆောင်ဖော်ပေးမယ်ထင်ကြလဲ ?
ဖုန်းမှာ တက်လာတဲ့သတင်းကြောင့် စိတ်ပျက်စွာခေါင်းခါမိသည်။
ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘူးလားလို့ပြောဖို့ကလည်း သူတို့စောက်လုပ်ကသူများအကြောင်းဖော်ထုတ်ဖို့အပြင်ကျန်တာမတတ်ကြ
ဘာရယ်မဟုတ် ကောမန့်တွေကိုတစ်ချက်ဝင်ဖတ်ကြည့်လိုက်တယ်
သူတို့အချင်းချင်းအပြန်အလှန်ပြောနေကြပြီးကျွန်မနာမည်ကိုတွေ့လိုက်ရတာကြောင့် ဖတ်ကြည့်လိုက်တော့
@sam_gi " Ruby Jane ? "
@hawn_yan " ရူဘီဂျိန်း ဖန်တွေငိုရမယ့်နှစ်ထင်တယ် 🫂 "
@hawn_yan " စီးပွာရေးကျောင်းသား + ရူဘီဂျိန်း ? "
@i_yourskim " maybe "
" Shit ငါစောက်သဲကွဲမှဘဲလာဖော်ကြ "
တစ်ကိုယ်တည်းကျိန်ဆဲပြီး ဆိုဖာပေါ်ကထကာ အိုင်ရင်းအွန်နီးရုံးခန်းထဲဝင်သွားလိုက်သည်။
" ရူဘီ ဘာလဲ သတင်းတွေ့လိုက်လား "
" အင် အခုမှစိတ်ထဖောက်ကြလဲမသိ "
" စိတ်ပူစရာမလိုပါဘူး ပြတ်သွားပြီးဆိုတော့ မဟုတ်မှန်ကြောင်းသတင်းထုတ်ပြန်လိုက်လို့ရတယ် "
အိုင်ရင်းအွန်နီးကြောင့် စဉ်းစားမိသွားတာက မောင်နဲ့ကျွန်မနဲ့ကပြတ်သွားပြီးလို့လား ?
" ညီမတို့မပြတ်ကြသေးပါဘူး "
" နင်ဘဲလမ်းခွဲဖို့စပြောတာလေ ပြတ်ပြီးပေါ့ "
" ဒါမယ့် မောင် ပြန်လာမှာလေ မောင် ကညီမကိုအရမ်းချစ်တာလေ သူဆက်ဆက်ကိုပြန်လာမှာ "
ပြုံးစိစိနဲ့ပြောနေတဲ့ရူဘီ့ကြောင့်
" မောင် ? ကျက်သရေစတုံးပြီး "
" ဟီး အချိန်တစ်ခုရောက်လို့ပရိသတ်တွေကို ချပြပြီးရင်လေ မောင် ကချစ်စရာလေးပရိသတ်တွေရယ် လို့စင်ပေါ်မှာပြောအုံးမယ် "
YOU ARE READING
100%LoVe + 0%money
FanfictionUnicode// ချစ်ခြင်းမေတ္တာ ရဲ့ပူလောင်ခြင်း၊ အေးချမ်းခြင်းဟူသည် ဖန်တီးသူနှင့်သာ တိုက်ရိုက်သက်ဆိုင်သည်။ Raung sin (Kims's Jayden) Zawgyi// ခစြျခွငျးမတေ်တာ ရဲ့ပူလောငျခွငျး၊ အေးခမြျးခွငျးဟူသညျ ဖနျတီးသူနှင့ျသာ တိုကျရိုကျသကျဆိုငျသညျ။