Epi-7

2.5K 156 10
                                        

(🆉)

(Warning- ကြမ်းတမ်းသောစကားလုံးများနှင့် ထိတ်လန့်စရာစာလုံးများပါဝင်သည်။)

လင်းရောင်နီ ဝင်လို့ ​နွေး​ထွေးစွာ ကျရောက်နေပေမဲ့လည်း ဂျောင်ကုနှင့် ထယ်ယောင်းမှာ အိပ်ရာမှ မထနိုင်သေး...။

မနက် 8နာရီဆိုတဲ့ အချိန်ဟာ နေအတော်လေး ထွန်းလင်းနေပြီလို့ပြောရမယ် ။ ဆောင်းရာသီအချိန် နေပူဆာလှုံလျှင် ယခုလိုအချိန်က နေလို့ကောင်းသည် ။ ခပ်နွေးနွေးလေး ဖြစ်နေရော ။

Vitamin D ဓာတ်လည်း ကောင်းမွန်စွာ ရရှိပြီး အေးချမ်းသည့်အချိန် နွေးနွေးလေးနှင့်ထို အချိန်က ထိုင်ခုံလေးခင်း ကော်ဖီပူပူသောက်ပြီး ရှုခင်းကြည့်လို့ကောင်းသည့်အချိန် ၊ သတင်းစာလေး ဘေးမှာချထားရင်​တော့ ကွက်တိကို So good။

စောင်အနက် တစ်ထည်သာ လွှမ်းထားကြသည့် သူတို့နှစ်ယောက်ပေါ် နေရောင်မကျသေးပေမဲ့ ပူနွေးလာတာကတော့ အမှန် ။

ဗလတောင့်တောင် ၊ ခပ်ထွားထွားဖြစ်နေသည့် လူသားက ခပ်သေးသေးကောင်လေးကို ရင်ခွင်ထဲ ထည့်ပွေ့ထားသည့် မြင်ကွင်း ။

လေဝင်လို့မရအောင်ပင် ဖက်အိပ်နေပုံက နှစ်ရှည်လကြာ မတွေ့ရသေးသည့် ချစ်သူလိုပင် အကဲပိုနေကြတာ ။

"ဂျောင်ကု ဂျောင်ကုရေ ထယ်ယောင်း နေမြင့်နေပြီ "

တစ်ခါ နှစ်ခါလောက်နှိုးနေပေမဲ့ ဘာအသံမှ မကြားရတာကြောင့် ဂျွန်ယောင်း တင်းလေပြီ ။
ဘေးနားက Raniကလည်း ရပ်စောင့်နေကာ မနက်စာ အတူစားမလို့ကို ဒင်းတို့က အိပ်လို့ကောင်းတုန်း ။

နှိုးလို့မရတာကြောင့် စိတ်မရှည်စွာပင် Tent၏ ဇစ်ကိုဆွဲဖွင့်လိုက်သည်...။

"အား! ဘုရားရေ! "

ဒီစပ်စလူး အတွဲ ဘာအဝတ်အစားမှ မပါပဲ ဖက်အိပ်နေကြတာ
ငါ့လို လူပျိုနုနုထွတ်ထွတ်လေးက အခု ဘာမြင်လိုက်ရတာလဲ?
တော်သေးတာပေါ့ ခါးအောက်ပိုင်းထိကို စောင်နဲ့ အုပ်ထားလို့ ။

အေနာက္က Raniကလည်း ပြူးကြောင်ကြောင်နှင့် အထူးဆန်းဖြစ်နေပုံ ။

"သူတို့-"

"ဟိုဘက်လှည့် ဒါမျိုးက မြင်ကောင်းတာမဟုတ်ဘူး "

Criminal Family II{Completed}Where stories live. Discover now