Extra-Final

3K 131 17
                                    

(🆉)

"ပြွတ်စ်..."

လာတာကတော့ ကလေးအင်္ကျီပြန်လာယူတာပဲ ဒါပေမဲ့ ဖြစ်သွားတာတစ်ခုကတော့ သူ့နှုတ်ခမ်းထူပူအောင် အနမ်းခံရလေပြီ။

လည်ပင်းတွေကိုပါလိုက်နမ်းပြီး ကိုက်နေတာ...။

"အား ခွေးလည်းမဟုတ်ပဲ အရမ်းကိုက်တာပဲ တော်တော့ "

ကျွန်​တော်​ငေါက်လိုက်မှ လွှတ်ပေးတော့တာ ဂျက်ခ်က အဲ့လိုလူဆိုး။

တစ်နေ့နဲ့တစ်နေ့ ကလေးတွေကို ထိန်းလိုက် အလုပ်လုပ်လိုက်နဲ့ ထယ်​ယောင်းလည်း ပင်ပန်းရတယ် ။ဒါကို ဒီကြားထဲ တစ်ခါတစ်လေ ဂျောင်ကုက ညဘက်မနားပဲ ကိုယ့်ကို လာလာ ချစ်တာကြောင့် သူ့ခန္ဓာကိုယ်လေးကလည်း သနားစရာ ။

ဂျောင်ကုက နေ့တိုင်းလိုလို ကျွန်တော့်ဗိုက်ကိုအနမ်းပေးတယ် ။ သူ့အတွက်ကလေးတွေမွေးခဲ့ပေးလို့တဲ့ အမြဲဖွဖွနမ်းတတ်တာ။

အခုလည်း အားလပ်ရက်မလို့ အိမ်မှာရှိတဲ့ ရေကူးကန်တွင် မိသားစုလိုက်ရေကူးနေကြခြင်းဖြစ်သည်။

ဂျောင်ကုက ရေကူးဘောင်းဘီအကြပ်နဲ့မလို့ ပေါင်သားရှိကြွက်သားတွေက တောင့်တင်းခိုင်မာနေပြီး အပေါ်ပိုင်းဗလာကတော့ ပြောစရာမလိုအောင်ပင် မိမိုက်နေပြီးသား။

ထယ်ယောင်းကတော့ တြိဂံ စီတီဘစ်လေးနဲ့ပင်။ မိန်းကလေးခန္ဓာကိုယ်လို သွယ်လျတာမလို့ ထယ်ယောင်းက တကယ့်ကို ဂျောင်ကုနဲ့ယှဉ်လိုက်ရင် သေးသေးလေး။

ကလေးတွေအကုန်လုံးကိုလည်း ရေကူးဝတ်ဆုံလေးဝတ်ပေးထားပြီး ဂျောင်ကုက ရေကူးကန်ထဲတွင် ထိန်းပေးနေသည်။

ကိုယ်သေးသေးလေးတွေကို တစ်ယောက်တစ်လှည့်ဆီ ချီပေးပြီး ရေးကူးသင်ပေးလေသည်။

ကလေးသုံးယောက်အား တစ်ပြိုင်ထဲပွေ့ချီပြီး ရေထဲမှာ ယုန်သွားတွေပေါ်သည်အထိရယ်နေသော ဂျောင်ကုအား ထယ်ယောင်းငေးစိုက်ကြည့်ရင်း Vd မှတ်တမ်းတင်လိုက်သည်။

သူ့ကလေးတွေနဲ့ကြတော့ ကြည့်ဦး ပျော်နေတာများ ။ လူသတ်နေတဲ့ လူကြမ်းကြီးမဟုတ်တဲ့အတိုင်း ။

"အာဘွားပေး ဒယ်ဒီ့ကို "

နှုတ်ခမ်းဆူပေးတော့ ကလေးတွေက ပြွတ်ခနဲ နမ်းကြလေသည်။

Criminal Family II{Completed}Where stories live. Discover now