Epi-20

2.4K 144 49
                                    

(🆉)

"ဂျွန်ဂျောင်ကု!!!"

လက်မှလွတ်ကျသွားသော ဂျောင်ကုကြောင့် ကြောင်အပြီး လည်ချောင်းမှခြောက်အက် နေကာ အသံထွက်ငိုဖို့တောင် အားမရှိတော့။

ပါးပြင်ပေါ်မှ အလုအယက်ကျဆင်းလာသော မျက်ရည်တွေအား လွတ်လပ်ခွင့်ပေးလိုက်သည်။အကြီးမားဆုံး အရာဆုံးရှုံးသွားသကဲ့သို့ ရင်ဘတ်ထဲ တမြည့်မြည့်နဲ့ လောင်ကျွမ်းခံစားရပြီး မီးပုံများကြား ကျသွားသော ဂျောင်ကုနေရာကိုသာ အကြာကြီးငုံ့ကြည့်နေမိသည်။

ထိုနေရာ၌သာ ထိုင်ချမိပြီး ဗိုက်ကိုကိုင်ကာ ငိုချနေမိတာ ။သားလေးလား မီးမီးလေးလားမသိသေးသော ကလေးသည် ဖခင်မဲ့ရတော့မှာလား ။အဖေမရှိပဲ ကြီးပြင်းလာတဲ့ကလေး လူပုံအလည်ကြားမှာ အားငယ်နေရမဲ့ကလေး ။အပြစ်မရှိတဲ့ကလေးက ဖခင်မဲ့ဆိုတဲ့စကားလုံးတွေနှင့် ထိုးနှက်ခံရတော့မည်။

Ultrasound မရိုက်သေးတဲ့သူ့ကလေး ၊ မွေးမှပဲ ဘာလေးလဲဆိုတာ သိချင်တဲ့သူတို့နှစ်ယောက်အတွက် ဆရာဝန်ကို ပြောထားခဲ့သည်။ကလေးက ဘာလေးလဲ မသိချင်သေးပါဘူးလို့ပေါ့။

"ဂျောင်ကုရေ...ဂျောင်ကု "

ခပ်တိုးတိုးရေရွတ်ရင်းသာ မျက်ရည်ကျနေမိတော့တာ။

ဂျွန်ထယ်ယောင်းက ဂျွန်ဂျောင်ကုရဲ့ မူပိုင် ၊နောင်ဘဝတွေရှိရင်တောင် ကိုယ်က မင်းနဲ့ပဲ ပေါင်းဖက်မှာလို့ပြောခဲ့တဲ့ လူသား။ လူအများပေါ် ကြမ်းတမ်းရက်စက်ရင်ပြီး လူဆိုးကောင်ဖြစ်နေရင်တောင် သူများအပေါ် ဗိလိန်ဖြစ်နေရင်တောင် မင်းတစ်ယောက်တည်းအတွက်ဆိုရင်တော့ ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးလူသားဖြစ်ပေးမှာ လို့ပြောခဲ့သည့် အသင်လူသားဟာ အခုတော့ ကျွန်​တော့်ကိုထားသွားခဲ့လေပြီ...။

"အားးး! "

မွန်းကြပ်မှုနှင့်အတူ သူအော်ဟစ်မိလိုက်ပြီး ဂျောင်ကုကိုအခုလိုဖြစ်အောင်လုပ်တဲ့သူကိုကြည့်လိုက်တော့ ဘေးက ဓားကိုလှမ်းနေတာ ။

ပေါက်ကွဲတော့မဲ့မီးတောင်ပေါ်မှာ စုပုံလာတဲ့ချော်ရည်လိုမျိုး သူရဲ့ဒေါသတွေက အဆုံးစွန်ထိ​ရောက်သွားတဲ့အချိန်မှာတော့ အောက်မှာရှိတဲ့သေနတ်ကိုကောက်ကိုင်ပြီး အရှေ့က ကောင်ကိုပစ်လိုက်မိပါတော့သည်။

Criminal Family II{Completed}Where stories live. Discover now