(🆉)
ဧည့်ခန်းထဲတွင်ဖြစ်ပေါ်နေတာက အခြေနေနှစ်ရပ်...။
ဆိုဖာပေါ်ပြဲကားထိုင်ကာ နို့ဗူးနှစ်ခုကို တစ်ပြိုင်နက်စုပ်နေသည့် ဂျောင်ကု။ ရုပ်ကလည်း စူပုပ်နေကာ မျက်မှောင်ကြုပ်ထားလျက်ရှိသည်။ ဒေါသထွက်နေပေမဲ့ သူ့ယောကျာ်းနဲ့သူ့ကလေးဆိုတော့ ဘာမှတော့မလုပ်ရက်။ ကလေးတစ်ယောက်စိတ်ကောက်နေသလိုမျိုး နေနေမိတာပါ ။
တစ်ဖက်က ဆိုဖာခုံပေါ်မှာတော့ ကလေးနှစ်ယောက်နှင့်အလုပ်ရှုပ်နေသည့် ထယ်ယောင်း ။ သူ့ရင်သားနှစ်ဖက်လုံးက မအားပဲ တစ်ယောက်တစ်ဖက်အပီဆွဲထားကြသည်။
ထို့ကြောင့် ဂျောင်ကုက စူပုပ်နေတာကိုး...။
"မျက်မှောင်ကြုပ်ရင် ရုပ်ဆိုးတတ်တယ်နော် နော့် Mommy ကလေးလေးရယ် "
ထယ်ယောင်းပြောသည့်စကားကို နားလည်သည့်သယောင်နှင့် နို့ကိုလွှတ်ပြီး...
"ဝွန်း...အွန်း..."
ဆိုပြီး ဝူးဝူးဝါးဝါး စကားပြောလေသည်။
ထယ်ယောင်းရယ်မိတော့ သွားသေးသေးလေးနှစ်ချောင်းသာပေါက်သေးသော သားငယ်လေးကပါ လိုက်ရယ်လေသည်။
"အဲ့ကလေးတွေအတွက် ဘာအရုပ်မှမဝယ်ပေးတော့ဘူး "
ဂျောင်ကုက စိတ်ကောက်လျက်ပြောလျှင် ကလေးတွေက နားလည်သည့်အလား ကျယ်လောင်စွာအော်ငိုကြပါတော့သည်။
"အာ...ဒါလင်ရာ လုပ်ပြီ...လာချော့ ကိုယ့်လေးကိုယ် "
"မလုပ်ချင်ဘူး..."
"ဒယ်ဒီကြီးနော် ကြီးလာရင် ကလေးကိုမချစ်ဘူးဆိုပြီး တိုင်ပြောမှာ "
"အကျင့်ယုတ် သားမိတွေ "
"လာပါ ချော့လိုက်ဦး "
"Aigoo...ဒယ်ဒီ့ ကလေးလေးတွေ "
ဂျောင်ကုလက်ထဲကိုရောက်သွားသည့် ကလေးနှစ်ယောက်မှာ စိတ်ဆိုးစွာပင် ဂျောင်ကုဆံပင်အား လက်သေးသေးလေးနှင့်ဆုပ်ကိုင်ကာ ဆောင့်ဆွဲပါတော့သည်။
"အာ့ အာ့ ဒယ်ဒီနာတယ်လေ "
ဂျောင်ကုပုံစံက ဂြိုလ်နှစ်ဖက်လိုမျိုး ထောင်သွားသောအခါ ထယ်ယောင်းမှာ အူတက်အောင်ရယ်မိပါတော့သည်။
![](https://img.wattpad.com/cover/337122648-288-k38823.jpg)
YOU ARE READING
Criminal Family II{Completed}
FanfictionJeon Jungkook & Kim Taehyung This is Season 2 Warning-Male Prg✴ #CrdForAllPictures #Taekook#OwnCreation 💫 #Taeyu9597