Epi-9

2.1K 137 10
                                    

(🆉)

"အရင်ဆုံး စိတ်အေးအေးထား အရမ်းကြီးလျှောက်မတွေးနဲ့ ကိုယ်တို့ ကလေးလေးကိုအလှပဆုံးလေးကြိုဆိုရအောင် ထယ် မယုံနိုင်ဖြစ်နေသေးရင် ဆေးရုံသွားကြရအောင် "

"ငါ တကယ် ဘာလုပ်ရမလဲမသိတော့ဘူး "

ကလေးတစ်ယောက်ကို ဆုံးရှုံးခဲ့ဖူးတာမလို့ စိတ်ထဲကြောက်နေတာ ။ အခု မရနိုင်သေးဘူးတွေးခဲ့ပေမဲ့ မထင်မှတ်ပဲ ရင်သွေးလေးကရလာခဲ့တာ ထယ်ယောင်း အရူးအမူးပဲ ။

ကြောက်လန့်လွန်းလို့ တစ်ကိုယ်လုံးပါ တဆက်ဆက်တုန်နေမိသည် ။ ကျွန်တော့်ကြောင့် ကလေးလေး ထပ်သေသွားမှာ အရမ်းကြောက်တယ် ။

"ငိုနေလို့ပဲ မဖြစ်ဘူးလေ အရမ်းငိုနေတာပဲ ကိုယ့်ကလေးလေးက အရမ်းငိုလို့ ဗိုက်ထဲက ဘေဘီလေးနေမကောင်းဖြစ်ဦးမယ် စိတ်ကိုထိန်းတော့နော် "

"အွန်း မငိုတော့ဘူး "

တကယ် ကလေးလေးပါကွာ ဘယ်တော့မှ မျက်ရည်မကျဘူး မငိုဘူးလို့ပြောတာလည်း ဒီထယ်ပေါက်ပဲ အခုအာပြဲနဲ့ငိုနေတာလည်း ဒီထယ်ပေါက်ပဲ ။

"သွားရအောင် ကိုယ်ဝယ်ပေးထားတဲ့ အနွေးထည်လေးဝတ်"

ထယ်ယောင်းကို ချီပြီး အခန်းထဲ သွင်းကာ ကုတင်ပေါ်ချပေးလိုက်သည် ။

ထယ်ယောင်းအတွက် အင်္ကျီထုတ်ပေးနေတဲ့ ဂျောင်ကုက မျက်နှာမှာ အပြုံးလေးတွေနဲ့ ။

သွားတွေပေါ်သည်အထိ ရယ်နေတယ်ဆိုတော့ ဂျောင်ကုတော်တော်လေးပျော်နေသည့်ပုံ ။ ထိုပုံလေးကိုကြည့်တော့ ထယ်ယောင်း ပြုံးမိသွားသည် ။

ငါ့ဂျောင်ကုလေး ပျော်နေတာပဲ သူအဖေဖြစ်တော့မယ် ။

"Pajamas လေးပဲဝတ်နော် ပွပွလေး လာ ဝတ်ပေးမယ် "

ထယ်ယောင်းအင်္ကျီတွေကို ပွယောင်းသော Pajamasနဲ့ လဲဝတ်ပေးပြီး ။ အနွေးပါးပါးလေးကိုလည်း ဝတ်ပေးသည် ။

လက်ထဲကိုက ဗူးလေးကို လာပြသေးသည် ။ သူ့သူဖွင့်ကြည့်ပြီး ကျွန်တော်မြင်အောင်ပြနေတာ ။ ကလေးလေးဝတ်တဲ့ခြေအိတ်လေးကို လက်နှစ်ချောင်းထည့်ပြီး ပြုံးရယ်နေတာများ ။ ကလေးအတွက် အဝတ်အစားတစ်စုံ ခေါင်းဆောင်းတွေကော ထို ဗူးထဲမှာရှိနေတာ ။

Criminal Family II{Completed}Where stories live. Discover now