Part 2

418 9 0
                                    

     
(Unicode)
          

"ရုံး မင်းအန်တီကြီးကလာမှာသေရောသေချာရဲ့လား"

"သေချာပါတယ်ကွ ကားလမ်းပိတ်နေလို့နေမှာပေါ့"

ပါးစပ်ကသာပြောနေတာမျက်၀န်းတို့ကရှေ့မှာရှိတဲ့ရှစ်ခေါက်ချိုးမျက်နှာနဲ့လဒရုပ်လိုမှိုင်နေတဲ့ဦးလေးကြီးဘေးကတောက်တဲ့လိုကပ်တွယ်နေတဲ့နှုတ်ခမ်းလှလှကပြားမလေးဆီသို့။

"ဟိတ်ကောင် မင်းဘာကြည့်နေတာလဲ"

"ဟိုမှာလေ ဘဲကြီးမျက်နှာကမသာကောင်အလောင်းပုပ်သလိုမျိုးပုပ်သိုးနေတာတောင်ဘာဘီရုပ်လိုနတ်သမီးလေးကဒီလောက်ကပ်တွယ်နေတာ...ကျစ်...ကြည့်ရင်းရင်တွေဘာတွေနာတယ်ကွာ"

ကိုယ်ကသူ့ကိုတစ်စိမ့်စိမ့်ကြည့်နေရင်းရင်ထဲမှာရှိတဲ့အတိုင်းပြောနေတုန်းကပြားမလေးကဒီဘက်လှည့်လာတဲ့အချိန်နဲ့ကြုံနေ၍သူနဲ့အကြည့်ချင်းဆုံသွားတော့မျက်လုံးတစ်ဖက်ကိုဆွဲဆောင်မှုရှိရှိမှိတ်ပြလိုက်တဲ့အခါမျက်စောင်းထိုးကာပြန်လှည့်သွားလေသည်။

"ဟား....ဟား...ရုံး မင်းကိုဟိုကမျက်စောင်းထိုးသွားတယ်ကွ...မင်းလိုစော်တကာကြည်တဲ့ကောင်ကိုမမြင်လောက်အောင်ဖြစ်နေတာမင်းတော်သင့်ပီ"

"ဘာကိစ္စတော်ရမှာလဲ ငါလိုချင်တာရှိရင်တော့ဘယ်သူပိုင်တာပဲဖြစ်ဖြစ်ရအောင်ယူရမှာပဲ"

"ဟိတ်ကောင် လျှောက်မလုပ်နဲ့နော် ဆရာမကေသွယ်မျက်နှာကိုလဲကြည့်အုန်း"

"ဘာမှကြည့်စရာမလိုဘူး ငါ့ဆီလာတဲ့ကောင်မလေးတွေကသူတို့လိုချင်တာတစ်ခုတည်းအတွက်၀င်လာခဲ့တာ ငါလဲသူတို့ဆီကလိုချင်တာရပီးရင်The Endဘာအကန့်မှမရှိတော့ဘူး ဒါပေမဲ့အပေါ်ယံမျက်နှာဖုံးနဲ့သရဲမလိုမိန်းမတွေတော့မပါဘူး"

လက်တစ်ဖက်ကိုမှေးအောက်ကန့်လန့်ဖြစ်ကာကျွတ်တစ်ချက်စုတ်၍ဆွဲဆောင်မှုရှိရှိပြော၏။

"ဒါပေမဲ့ဆရာမကမင်းနားကပ်တဲ့မမကြီးတွေနဲ့မတူဘူးကွ သူကမင်းကိုတော်တော်သံယောဇဥ်ရှိရှာတာ"

"ကျစ်.... အရေးမပါတာတွေ.."

ရုံးဘ၀မှာသံယောဇဥ်တွေအကြင်နာတွေမေတ္တာတရားတွေဆိုတာခံစားမှုရဲ့အပေါ်ယံမျှသာ။

💖Tomboy လေးရဲ့ရင်ခုန်သံ💖💖Tomboy ေလးရဲ့ရင္ခုန္သံ💖Where stories live. Discover now