(Unicode)
"မား သားစိတ်တိုလာပီနော်..."
"ခဏလေး ခဏလေးပါသမီးရယ်..တရားနာဆွမ်းကျွေးပြီးရင်ရပါပီ ခဏလေးသည်းခံလိုက်ပါနော်..."
"ဟူး..."
စိတ်ညစ်ညစ်နဲ့လေပူတစ်ချက်မှုတ်ထုတ်ကာဆိုဖာအနက်ရောင်ပေါ်ပစ်ထိုင်လိုက်သည်။
"ပြီးတော့ ရော့ အင်္ကျီကသမီးကိုယ်တိုင်းနဲ့ဆိုပေမယ့်ရင်သားနေရာမှာကနည်းနည်းလေးချောင်နေလို့ကြည့်လို့မကောင်းဘူး သတို့သမီးဆိုတာအားလုံးထက်ပေါ်လွင်နေရမှာမဟုတ်လား...."
ဘရာဇီနံပါတ်၃၂အဖြူရောင်ကိုမြှောက်ကိုင်ကာမျက်စိတည့်တည့်ထိုးပေးလာတော့မျက်ဆန်တို့လှန်သွားရသည်။ထပ်ပီးတော့....
"ကျစ် မား..."
အံကိုကျိတ်ကာသွားကြားထဲကထွက်လာသောအသံကိုနိမ့်ကာအော်လိုက်မိသည်...
"သားကဒါမျိုးတွေမှ၀တ်ကျင့်မရှိတာ မားရာ..."
"ဘာပဲဖြစ်ဖြစ်ပါ သမီးရယ် ၀တ်လိုက်ပါနော် မားတောင်းဆိုတာပါ..."
"ကျစ် ပီးရောဗျာ..."
အ၀တ်လဲခန်းသို့၀င်ကာအဖြူရောင်အတွင်းခံနှင့်အဖြူရောင်အလစ်အလစ်ထနေသောမြန်မာ၀တ်စုံကို၀တ်လိုက်သည်...ပိန်ညှောင့်သောခန္ဓာကိုယ်နှင့်မြန်မာ၀တ်စုံကလုံး၀မလိုက်ဖက်...
သို့ပေမဲ့ ၀တ်ရပေမည် ဒါမှပွဲလဲမြန်မြန်ပီးမှာ..
အပြင်ထွက်လာတော့မိတ်ကပ်ဆရာတို့ကကြိုရောက်နေပီ...
"ဟယ် အဆင်လေးတော့..straightကြီးနှင့်ဆိုတော့နှမြောစရာပဲ"
"ကဲပါ ဘာမှပြောမနေနဲ့ ပြင်စရာရှိတာပြင်တော့.."
မားကကြားထဲကနေ၀င်ပြောပေးတော့မှ မျက်နှာပေါ်ကျရောက်လာသောအေးစက်စက်အထိအတွေ့နှင့်အနံ့ပေါင်းစုံတို့ကခေါင်းနောက်ဖွယ်ရာ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကယ် ပြင်လို့ပြီးပါပြီတော်."
"ဟား ညား မင်းကဒီလိုကြည့်တော့ခန့်သားပဲကွ..."
"အခုမှမဟုတ်ဘူး..မွေးကတည်းကချောလာခန့်လာတာ.."
YOU ARE READING
💖Tomboy လေးရဲ့ရင်ခုန်သံ💖💖Tomboy ေလးရဲ့ရင္ခုန္သံ💖
Romantizmမိန်းမသားဘဝကိုစိတ်ကုန်ပြီးမိန်းကလေးတွေရဲ့စိတ်ကိုစာနာ နားလည်ကာသနားစိတ်ကိုချစ်စိတ်ထင်မိတဲ့ကျွန်တော်ကဦးလေးကြီးနဲ့တွေ့မှရင်ခုန်သံကိုနားလည်သွားရတာပါ ဒါကြောင့်ကျွန်တော်ဘယ်လောက်ဆိုးဆိုးကျွန်တော့်နားမှာပဲနေပေးပါ💖 အိမ့်နတ်ရုံး