(Unicode)
"ဟယ် မြသက်.."
"ဟင် ခင်..."
"မတွေ့တာတောင်ဘယ်လောက်ကြာပြီလဲသူငယ်ချင်းရယ် အရင်အတိုင်းလှနေတုန်းပဲ"
"အမလေး ငါ့ချည်းပဲပြောမနေပါနဲ့ အခုချိန်ထိနင့်ယောကျာ်းအပေါ်မှဆိုးတုန်းပဲမလား"
"အဟင်း ကိုယ်ကိုနားလည်ပေးနိုင်တဲ့သူပဲကို ဆိုးမှာပေါ့လို့"
"အေးပါ ဒါနဲ့နင့်သားရော အိမ်ထောင်တွေဘာတွေကျသွားပြီလား"
"အမလေး ဘယ်ကအိမ်ထောင်ကျရမှာလဲမြသက်ရယ် ဇီဇာကြောင်လို့ကြိုက်တဲ့လူတောင်မရှိတာ"
"သတင်းတွေမှာတော့မြင်ရပါတယ်ဟဲ့ နင့်သားကစီးပွားရေးမှာတော်တော်လေးကိုတော်တာပဲ"
"ဒါနဲ့ သမီးလေးရော "
"ပြောမနေနဲ့တော့ ဘယ်ဘ၀ကဝဠ်ကြွေးလဲမသိဘူး ယောက်ကျာ်းလိုနေယောကျာ်းလိုစားသောက်သွားလာပြီးတော့မိန်းကလေးတွေကိုလိုက်အမ်းနေတာလေ"
"ငါတို့ငယ်ငယ်တုန်းကတိုင်းပဲပေါ့"
"အေးဟယ် ဒါပေမဲ့ငါတို့ထက်ဆိုးတယ် ပြောလို့ကိုမရပါဘူးဟာ"
"ဒါဆို ငါ့သားနှင့်နင့်သမီးကိုပေးစားလိုက်ရင်ရော"
"အွန်း ဒါဆိုနင့်သားနှင့်ငါ့သမီးကိုပေးစားမယ်ပေါ့ဟုတ်လား.."
"ဟုတ်တယ်လေ ဘာလဲ နင်ကသဘောမတူဘူးလား.."
"မဟုတ်ပါဘူးဟာ ငယ်ငယ်တုန်းကတည်းကပြောထားကြတာပဲ သဘောမတူစရာဘာအကြောင်းမှမရှိဘူး ဒါပေမဲ့ကလေးတွေသဘောကရော.."
"ဘာမှမဖြစ်ဘူး အနေနီးရင်သံယောဇဥ်တွယ်သွားလိမ့်မယ် စိတ်မပူနဲ့..."
"အင်း...."
"ဒါဆိုရင်နောက်အပတ်ကျရင် ကိုနှင့်သားကိုခေါ်ပီးတော့နင့်အိမ်လာခဲ့မယ်.."
"အေးအေး...."
ခင့်ဘက်ကစိတ်မပူနဲ့လို့ပြောပေမဲ့ကိုယ့်သမီးအကြောင်းကိုယ်အသိဆုံးမို့တွေးပူနေမိသည်။
မဆုံဖြစ်တာကြာသည့်သူငယ်ချင်းနှစ်ယောက်အပြင်မှာတ၀ကြီးလျှောက်လည်ကာညနေကျမှအိမ်သို့ကိုယ်စီပြန်လာခဲ့ကြသည်။နောက်ပြဿာနာကိုတော့နောက်မှရှင်းကြတာပေါ့...
YOU ARE READING
💖Tomboy လေးရဲ့ရင်ခုန်သံ💖💖Tomboy ေလးရဲ့ရင္ခုန္သံ💖
Roman d'amourမိန်းမသားဘဝကိုစိတ်ကုန်ပြီးမိန်းကလေးတွေရဲ့စိတ်ကိုစာနာ နားလည်ကာသနားစိတ်ကိုချစ်စိတ်ထင်မိတဲ့ကျွန်တော်ကဦးလေးကြီးနဲ့တွေ့မှရင်ခုန်သံကိုနားလည်သွားရတာပါ ဒါကြောင့်ကျွန်တော်ဘယ်လောက်ဆိုးဆိုးကျွန်တော့်နားမှာပဲနေပေးပါ💖 အိမ့်နတ်ရုံး