(Unicode)
"မာမီ ကျွန်တော်အပြင်သွားလိုက်အုံးမယ် အိမ်ပြန်နောက်ကျမယ်နော် စောင့်မနေတော့နဲ့.."
"ညည့်နက်နေပီလေ ဘယ်ကိုသွားမှာတုန်း.."
"ဟို ဟိုဟာဗျာ ကောင်းမြတ် ဟုတ်တယ် ကောင်းမြတ်က,ကလပ်မှာမူးနေလို့တဲ့ အဲတာ..."
"အေးအေး သွားသွား ပြန်မလာလေကောင်းလေပဲ.."
"ကောက်ချင်ရင်မာမီ့လင်ဆီမှာပဲကောက် ကျွန်တာ့်ကိုလာမကောက်နဲ့ သွားပီ..."
"သူတောင်းစားကောင်လေး..."
©©©
"တီ့ တီ့..."
ပေါ်တီအောက်ထိုးရပ်လာသောကားကြောင့်လင်မယားနှစ်ယောက်စလုံးထရပ်မိသည်။ရောက်လာပီလား မြန်လိုက်တာ....
"မင်္ဂလာပါ အန်ကယ်...နဲ့အန်တီ..."
"မင်္ဂလာပါကွယ်..."
"မောင်ရင်ကရောက်လာတာမြန်သားပဲနော်..."
"အာ...ကျွန်တော်ကအလုပ်ကိစ္စနဲ့အပြင်မှာရောက်နေလို့ပါ..."
အရှက်ပြေလည်ပင်းလေးပွတ်ကာလိမ်လိုက်ရသည်။အမှန်တိုင်းပြောလိုက်ရင်အဖြစ်သည်းနေတယ်ထင်သွားမှာစိုးလို့...
"အေးပါကွယ် အလုပ်မအားတဲ့ကြားကနေလာပေးလို့ကျေးဇူးတင်ပါတယ် ဒါပေမဲ့မခေါ်မဖြစ်လို့ခေါ်လိုက်ရတာ အန်တီတို့မှာအားကိုးစရာဆိုလို့မောင်ခန့်ညားပဲရှိလို့ပါ.."
"ဟုတ်ကဲ့ ရပါတယ် ပြောပါခင်ဗျာ့..."
"သမီးလေးကနေ့လည်တည်းက,ကလပ်သွားမယ်ပြောပီးတော့အခုထိပြန်မလာသေးဘူး..ဖုန်းဆက်တော့လဲဖုန်းက၀င်နေတယ် မကိုင်ဘူး..."
"ဒါနဲ့ သူသွားတဲ့ကလပ်နာမည်က..."
"Star light...အဲတာသမီးလေးပိုင်တဲ့ကလပ်ပါ ဒါပေမဲ့သမီးကမိန်းကလေးဆိုတော့ပြဿနာတစ်ခုခုဖြစ်မှာစိုးလို့"
"ဟုတ်ကဲ့ပါ ဒါဆိုကျွန်တော်သွားခေါ်လိုက်ပါမယ်.."
"အေးပါကွယ် မောင်ရင့်ကိုကျေးဇူးတင်ပါတယ်..."
"ဟုတ်ကဲ့ ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုံး.."
"အေးအေး..."
YOU ARE READING
💖Tomboy လေးရဲ့ရင်ခုန်သံ💖💖Tomboy ေလးရဲ့ရင္ခုန္သံ💖
Romansaမိန်းမသားဘဝကိုစိတ်ကုန်ပြီးမိန်းကလေးတွေရဲ့စိတ်ကိုစာနာ နားလည်ကာသနားစိတ်ကိုချစ်စိတ်ထင်မိတဲ့ကျွန်တော်ကဦးလေးကြီးနဲ့တွေ့မှရင်ခုန်သံကိုနားလည်သွားရတာပါ ဒါကြောင့်ကျွန်တော်ဘယ်လောက်ဆိုးဆိုးကျွန်တော့်နားမှာပဲနေပေးပါ💖 အိမ့်နတ်ရုံး