(Unicode)
"အမေ ဘယ်လိုပြောလိုက်တာလဲ "
"ငါပြောတာရှင်းရှင်းလေးပဲ ငါ့မြေးနဲ့လက်ထပ်မဲ့သူကိုငါကိုယ်တိုင်စောင့်ကြည်ချင်သေးတယ်လို့ပြောတာ...နင်ကဘာတွေဖြစ်ပျက်နေတာလဲ သဘောမတူဘူးလို့ပြောတာလဲမဟုတ်ဘူး..."
"ငါ့မြေးကိုစောင့်ကြည့်ရအောင်ငါ့မြေးမှာဘာချို့ယွင်းချက်များရှိနေလို့လဲ..."
"ဟင် မေမေ ဘယ်လိုရောက်လာတာလဲ ရှန်ဟိုင်းမှာပဲရှိရာမှာမဟုတ်ဘူးလား..."
"ငါ့ဘာသာငါဘယ်မှာရှိရှိပေါ့...နေစမ်းပါအုံး ဒေါ်မြရွှေခုနတုန်းကပြောတဲ့စောင့်ကြည့်ချင်သေးတယ်ဆိုတာဘာကိုပြောတာလဲ..."
"ငါ့မြေးနဲ့လက်ထပ်မဲ့သူမလို့စောင့်ကြည့်မယ်ပြောတာလေ...ဘာများဖြစ်လို့လဲ..."
"ဟွန့်....ဘာဖြစ်ရမှာလဲ ငါတို့မြေးတွေငယ်ငယ်တုန်းကပေးစားကြမယ်လို့နင်ကိုယ်တိုင်ပဲပြောထားတာလေ အခုမှလာပီးတော့စောင့်ကြည့်မယ်တွေ ဘာတွေလုပ်မနေနဲ့..."
"ဟုတ်သားပဲ အမေရယ် သားခန့်ညားကလိမ္မာပါတယ် အရာရာမှာလဲထူးချွန်တယ် ပီးတော့မိန်းမကိစ္စလဲကင်းရှင်းတယ်ဆိုတာအမေလဲသိထားပီးသားလေ.."
"နေစမ်းပါအုံး မြသက် နင့်ကသမီးရှင်နော် ဘာလို့သဲသဲလှုပ်ဖြစ်နေရတာလဲ နည်းနည်းပါးပါးလေးထိန်းပါအုံး..."
"အို ....ဘာပဲဖြစ်ဖြစ်ခင်တို့ဆိုတာတစ်ခြားလူမှမဟုတ်တာဘာမှအနေခက်စရာမလိုဘူး..."
"ကဲ ဒါဆိုလဲရက်ကောင်းရက်မြတ်သာရွေးပီးတော့မင်္ဂလာဆောင်ပေးလိုက် ပီးရင်အခုကနှစ်သက်ကိုရောက်တော့မယ်ဆိုတော့ မြန်မာနှစ်သက်ကူးကျရင်ငါတို့ငယ်ငယ်တုန်းကကြီးပြင်းခဲ့တဲ့မြို့လေးမှာတစ်ပွဲထပ်လုပ်မယ် ဒါပဲ ....."
"......."
ဇွတ်တရွတ်ဆန်သောအဘွားနှင့်တွေ့တော့အကူအညီမရမဲ့အပြင်ပို၍ပင်ဆိုးသွားသည်။ဒီအတိုင်းသာဆိုရင်မလွယ်လှတော့...
©©©
"ဘာကိစ္စနဲ့ငါ့ကိုခေါ်တာလဲ ငါကအလုပ်နဲ့အကိုင်နဲ့ ဘာပြောမှာလဲမြန်မြန်ပြော..."

YOU ARE READING
💖Tomboy လေးရဲ့ရင်ခုန်သံ💖💖Tomboy ေလးရဲ့ရင္ခုန္သံ💖
Romanceမိန်းမသားဘဝကိုစိတ်ကုန်ပြီးမိန်းကလေးတွေရဲ့စိတ်ကိုစာနာ နားလည်ကာသနားစိတ်ကိုချစ်စိတ်ထင်မိတဲ့ကျွန်တော်ကဦးလေးကြီးနဲ့တွေ့မှရင်ခုန်သံကိုနားလည်သွားရတာပါ ဒါကြောင့်ကျွန်တော်ဘယ်လောက်ဆိုးဆိုးကျွန်တော့်နားမှာပဲနေပေးပါ💖 အိမ့်နတ်ရုံး