Little Snow or Soseol ။
အိပ်မက်ကောင်းလေးမက်ပြီး နိုးလာရတဲ့မနက်ခင်း။
ဖုန်း alarm ထက်အရင်ပွင့်လာတဲ့ မျက်လုံးတွေ။
ပြတင်းပေါက်ကဖြူလွှလွှနှင်းခဲတွေ။
ထပ်ပြီးပြေးလွှားရင်းနဲ့ အမှတ်တရဆိုတဲ့ ခလုတ်တွေထပ်တိုက်မိမယ့် နေ့။" Aigooo ကြည့်ပါအုန်း.. ပထမဆုံးနှင်းကျတဲ့နေ့တောင် ဘယ်မှလျှောက်မလည်ဘဲ ဆိုင်ရောက်လာတယ်ပေါ့လေ။ငါတို့ရဲ့ကြိုးစားတဲ့ မင်းသားလေး"
တီလေးရဲ့အသံက သူဒီမနက်အတွက်ပထမဆုံးကြားရတဲ့ စကားသံပဲ။
"မဟုတ်မှလွဲရော ငါတို့မင်းသားလေးခုထိ ပထမဆုံးနှင်းကျရင် တူတူလည်ရမယ့်လူထပ်မတွေ့သေးတာများလား"
သူဘာမှမပြောရသေးခင် တီလေးဆီက ထပ်ကြားရတဲ့စကားကြောင့် ခေါင်းခါပြီးရယ်မိတယ်။
"ဒီတီလေးဆီတော့ ငါတို့မင်းသားလေးအကြောင်းပဲလာမေးနေကြလို့ ဆိုင် acc တောင် dm ပိတ်ပစ်ချင်တဲ့ထိပဲ.. ငါတို့မင်းသားလေးကတော့ ဒီလိုနေ့လေးမှာတောင် toast အေးအေးကြီးတွေဖျော်ပြီး တကိုယ်တည်းဖြတ်သန်းနေရတယ်..dm တွေစစ်ပြီး ခုပဲရှာကြည့်လိုက်ရမလားအချစ်ကလေး"
တီလေးကဆက်တိုက်စနေတော့ သူ့မှာပြုံးပြီးသာခေါင်းခါပြလိုက်ရတယ်။
"Order တွေကျတယ် ကူပေးအုန်း" လို့ တခွန်းပြောပြီး ဆိုင်မှန်ကနေ နှင်းကျတာတူတူကြည့်နေကြတဲ့ အတွဲလေးစီ ကော်ဖီပူပူလေး သွားချပေးလိုက်တယ်။
ပထမဆုံးနှင်းကို ချစ်သူနဲ့တူတူကြည့်ရတဲ့အခိုက်အတန့်~
ဒါဟာသူဝင်တိုက်မိတဲ့ ဒီနေ့အတွက်ပထမဆုံးအမှတ်တရပဲ။
"ပထမဆုံးကျတဲ့နှင်းတွေကြားထဲ ကိုယ်သဘောကျတဲ့လူနဲ့တူတူရှိနေရင် အဲ့အချစ်က အချိန်အကြာကြီးတည်မြဲတယ်တဲ့ ဟျောင်း"
"ပထမဆုံးနှင်းကျတဲ့နေ့တိုင်းတွေ့ကြမယ်နော်"အချိန်အကြာကြီးတည်မြဲတဲ့အချစ်တဲ့ ယုံတမ်းစကားမဟုတ်တာ ကိုယ်လက်ခံပါပြီ။
YOU ARE READING
The Moment I Knew
FanfictionThis is a autumn like love story between the two who fated to meet again after separating for a long time