The First Page

527 66 13
                                    

နံနက်ခင်းက မိုးဖွဲလေးနဲ့အတူ အေးစိမ့်စိမ့်။ စောင်ကိုတင်းနေအောင်ဆွဲခြုံပြီး မျက်ခွံတွေကို အတင်းဖိပိတ်ပစ်လိုက်သည်။

တစ်ယောက်တည်းရှိတဲ့အခန်းကျဉ်းထဲ အေးစိမ့်မှုက ရိုးတွင်းချဉ်စီတွေထိ စိမ့်ဝင်လာခဲ့သည်။ နှင်းတွေဖွေးနေအောင်ကျပြီး မိုးကပါထပ်ရွာနေတော့ ရာသီဥတုပြင်းလွန်းသည်။

"တင်!"
မတ်ဆေ့ဝင်လာကြောင်း noti သံကတောင်ကျယ်လွန်းလှသည်။

ဒီအချိန်ကြီးပို့တာမို့ အရေးကြီးမယ်ထင်ပြီး မီးမဖွင့်ထားဘဲ လိုက်ကာတွေကြောင့်အလင်းကောင်းကောင်း မဝင်နိုင်တဲ့အခန်းထဲ ဖုန်းလိုက်ရှာနေမိသည်။

"ဟျောင်း မနက်ဖြန်မမေ့နဲ့နော်။ သပ်သပ်ရပ်ရပ်လေးလာဗျ။ ကျွန်တော်နဲ့ယူဂျင်း ဝင်ကြိုမယ် xD"

ကင်ဂယူဗင်းရဲ့နေ့ရက်တိုင်းကတော့ သကာရည်ပေါ်ပျားရည်တွေအထပ်ထပ်လောင်းထားတဲ့ သကြားလုံးလေးဖြစ်နေပုံပင်။

ညကဖြစ်သလိုအိပ်ပျော်သွားတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေတာကြောင့် လက်ဆန့်ပြီး အကြောဖြေမိတော့ သတိမထားမိဘဲ ကုတင်ခေါင်းရင်စင်ပေါ်က စာအုပ်လေးကို လက်နဲ့တိုက်မိသွားသည်။

ကောင်းလိုက်တဲ့မနက်ခင်းလေးကွာ...ဟုတ်နေရော!

စာအုပ်ကိုကောက်ဖို့ ငုံ့ကြည့်လိုက်တော့ အမြင့်ကပြုတ်ကျတဲ့အရှိန်နဲ့ ပွင့်နေတဲ့ စာအုပ်ရဲ့စာမျက်နှာပေါ်က ရက်စွဲကြောင့် ရင်ဘက်ထဲကတင်းကြပ်လာသည်။

ကံကောင်းပုံများ နိုးနိုးချင်းမှာတောင် စတွေ့တဲ့နေ့က ဒိုင်ယာရီစာမျက်နှာကို ဖတ်မိတဲ့အဖြစ်။ အဲ့ဒီ့နေ့ကလည်း ဒီနေ့လို နှင်းတွေဖွေးနေအောင်ကျပြီး မိုးရေတွေပါ စွန်းထင်းခဲ့တာပဲ။ မိုးရေထဲမှာ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံဖို့ရေစက်တွေပါပါလာခဲ့သယောင်။

ဒီနေ့ကဆိုင်ပိတ်ရက်မို့ တစ်ယောက်ထဲနေတဲ့အိမ်ရဲ့ ဝေယျာဝစ္စတွေနဲ့ လိုအပ်တာတွေဖြည့်ရမည်။ရာသီဥတုကတော့ အပြင်ထွက်ချင်စရာသိပ်မကောင်း...သို့သော် ရေခဲသေတ္တာရဲ့ အခြေအနေကတော့ အနုတ်ပြနေသည်။အသင့်စားခေါက်ဆွဲနဲ့ကော်ဖီပင်မရှိတော့ မဖြစ်မနေ အပြင်ကလည်းထွက်ရမည်ပင်။

The Moment I KnewWhere stories live. Discover now