The Meaning of You
နေထိုင်လာရင်းနဲ့ ဒီလိုအဖြစ်အပျက်မျိုးက သူ့အိမ်တံခါးဝကို မခေါက်ဘဲ ကိုယ်တိုင်ပြန်ဝင်လာလိမ့်မယ်လို့ သူတခါမှ မစဉ်းစားခဲ့ဖူးပါ။
ပြန်ဆုံနိုင်ဖို့ လက်လျှော့ပြီးမျှော်လင့်ချက်ခပ်မျှင်မျှင်လေးနဲ့ ရှင်သန်နေခဲ့တယ်ဆိုပေမယ့် ပြန်ဆုံကြရင်ရော..ဘယ်လိုအနေအထားမျိုးနဲ့များ ပြန်ဆုံကြမလဲဆိုတာသူမျိုးစုံစဉ်းစားကြည့်ခဲ့ဖူးပါသည်။
သို့သော်တခါမှ မတ်သရူးက မုန့်ထုပ်တွေနဲ့ရပ်နေခဲ့ပြီး သူကလည်း မတ်သရူးလဲဝတ်ပေးထားတဲ့ ညအိပ်အင်္ကျီ၊ဟင်းချိုယောက်မဇွန်းတစ်ချောင်းကိုင်ရက်နဲ့ဆုံကြမယ်ဆိုတဲ့ ပုံရိပ်ကတော့ သူပုံဖော်ဖူးတဲ့ပုံရိပ်တော့ဟုတ်မနေခဲ့ပါ။
ဦးနှောက်နဲ့လူက ခဏတာအဆက်အသွယ်ပြတ်သွားဟန်။ ဘယ်လိုပါလိမ့်..ဘယ်လိုအခြေအနေမျိုးပါလိမ့်..?နှုတ်ဆက်လိုက်ရမှာလား၊ပြုံးပြလိုက်ရမှာလား၊ ဘယ်လိုအနေအထားကြီးပါလိမ့်။ဘယ်လိုတုံ့ပြန်သင့်လဲဆိုတာတောင် သူမသိတော့။
သူ့ဘက်ကကြောင်အနေသလို တဖက်လူကလည်းအနေခက်နေဟန်၊ မနေ့ညကတော့ သူမူးရူးနေခဲ့တာမို့ အကုန်အဆင်ချောနေခဲ့ပေမယ့် ခုတော့ ကိုယ်ရောသူရောအကောင်း။
"ဟိုဟာ..." သူ့ဘက်ကကြောင်အနေစဉ် တဖက်က အသံလေး အရင်စထွက်လာသည်။
"ညက အရမ်းမူးနေတာနဲ့...နှင်းမိုးကလည်းဆိုးနေတယ်၊အဲ့တာနဲ့ ပြန်ပို့ပေးတာ၊ အရမ်းနောက်ကျသွားတော့ အဲ့တာနဲ့..." တဖက်ကလည်း ဘယ်လိုဆက်ပြောရမလဲ မသိတော့ဟန် အဲ့နားမှာတင် လည်နေသည်။
"အမ်..ဟမ်၊အာ..အာ ကျေးဇူးနော်၊ကိုမနေ့ညက ပွဲတစ်ခုမှာသောက်တာလွန်သွားလို့ထင်တယ်။ဟိုဟာ ဟင်းရည်"
"အာ..အဲ့တာက မထူးတော့တာနဲ့၊ တညလည်းဒီမှာ အိပ်ထားတာဆိုတော့" သူစကားမပြီးသေးခင် အသံလေးနည်းနည်းမြှင့်ကာ ပြောလာသည်။ ဟင်းရည်ကတော့ ဟုတ်ပါပြီရဲ့...လက်ထဲက မုန့်တွေဆီ မျက်လုံးရောက်သွားတော့
"အော်..ဒါ! ဒါက ဟင်းရည်ချက်လက်စနဲ့ဆိုတော့ မုန့်ရှိနေရင် ပိုပြီးအဆင်ပြေအောင်...နောက် မီးဖိုချောင်နဲ့ရေခဲသေတ္တာထဲမှာလည်း အဆာပြေမုန့်သိပ်မတွေ့တာမို့" အဆင်ပြေအောင်ထိတော့ လေသံလေးမြှင့်ပြောနေပေမယ့် နောက်ပိုင်းစကားလုံးတွေကိုတော့ တိုးတိုးဖွဖွသာဆိုလာသည်။
![](https://img.wattpad.com/cover/340211196-288-k492999.jpg)
ŞİMDİ OKUDUĞUN
The Moment I Knew
Hayran KurguThis is a autumn like love story between the two who fated to meet again after separating for a long time