On Rainy Days
ထားသွားခဲ့တဲ့လူနဲ့ ကျန်ရစ်ခဲ့ရတဲ့လူမှာ ဘယ်သူကပိုနာကျင်ရပါသလဲ....
ကျန်ရစ်ခဲ့ရသူတွေဟာလည်း ပိုနာကျင်ရတဲ့ဘက်ခြမ်းဟာ ကျန်ရစ်သူဖြစ်ကြောင်း အထောက်အထားတွေနဲ့ပြောဆိုကြတဲ့အချိန် ထားရစ်ခဲ့ရတဲ့သူတွေဟာလည်း သူတို့ပြိုလဲမှုတွေအကြောင်း ဖွင့်ဟပြီး ငြင်းဆိုခဲ့ကြစမြဲပါ။
အကယ်၍များ ထားသွားခဲ့တဲ့လူကလည်း တဖက်လူအပေါ်ထားတဲ့ ချစ်ခြင်းကြောင့်ပဲ ချန်ရစ်ခဲ့ရပြီး ကျန်ရစ်ခဲ့တဲ့လူကလည်း တဖက်လူပေါ်ထားတဲ့ မေတ္တာကြောင့်ပဲ နေရစ်ခဲ့ရတယ်ဆိုရင်ရော.....
ချစ်ခြင်းမေတ္တာမှာ ထားသွားခဲ့ရတဲ့အချိန်တွေ၊ နေရစ်ခဲ့ရမယ့်အချိန်တွေ ရှိလာတတ်ကြတယ်ဆိုတာ သိပေမယ့် ကျွန်တော့်ဆီကိုတော့ အဲ့ဒီ့လေစိမ်းတွေမတိုက်နိုင်ဖူးဆိုတဲ့ ယုံကြည်ချက်က ဆောင်းဦးလေပြေတွေကြား ယိမ်းယိုင်ခဲ့ရပါတယ်။
ထားသွားခဲ့တဲ့လူအနေနဲ့ ကိုယ်နဲ့မသက်ဆိုင်တော့တဲ့ လူတစ်ယောက်အပေါ် ဘာတွေထပ်မျှော်လင့်လို့ရပါ့သလဲ။ ကိုယ့်ကိုမေ့မသွားစေချင်တဲ့ အတ္တနဲ့ မေ့မေ့လျော့လျော့ အေးချမ်းစေချင်တဲ့ မေတ္တာတွေကြားမှာလည်း တခါထပ်လမ်းပျောက်ရပြန်တယ်။
အရာအားလုံးနဲ့ လဲရဲခဲ့တဲ့လူမို့ တဖက်လူလဲပြိုကြတဲ့အချိန် မမြင်ကွယ်ရာမှာ၊မသိတော့တဲ့လူလို ဟန်ဆောင်ရှင်သန်ရတာကလည်း ငရဲပါပဲ။ ဘာအကြောင်းပြချက်မှ မပြောပြနိုင်ခဲ့တဲ့ လမ်းခွဲက ဆောင်းရာသီရေခဲစက်တွေလိုပဲ အေးစက်မှုက လူ့ကိုသေစေနိုင်လောက်တဲ့ထိ။အေးခဲမှုက နှလုံးသားကိုလှိုက်စားသွားတာမို့ နွေဦးတွေကကျွန်တော့်ကမ္ဘာကိုထပ်မဝင်ရောက်လာနိုင်ခဲ့ပါဖူး။ နှင်းတွေကြားမှာ တဘဝလုံးစာ အတွက်ဆုပ်ကိုင်ခဲ့တဲ့ လက်တွေကို အဲ့တဘဝလုံးအတွက်ပဲ ဖြုတ်ချခဲ့ရပါတယ်။
ကတိတွေနဲ့လူတစ်ယောက်ကို မထိန်းချုပ်ချင်ခဲ့တာမို့ ဘာကတိကိုမှမပေးခဲ့ပေမယ့်၊ တဖက်လူကတော့ မတောင်းနိုင်ခဲ့တဲ့ ကတိတွေကိုတည်ဖို့ကြိုးစားနေခဲ့သေးသလား။ သူ့ရဲ့သိုဝှက်လိုက်တဲ့ အမှတ်တရဟောင်းပဲဲဖြစ်နေမလား အနာတရဟောင်းပဲဖြစ်နေမလား။

ESTÁS LEYENDO
The Moment I Knew
FanfictionThis is a autumn like love story between the two who fated to meet again after separating for a long time