You were my Twenties

626 76 7
                                    

너는 나의 20대였어....
ငါ့ရဲ့ အသက် ၂၀ အရွယ်က မင်းဖြစ်ခဲ့တယ်။ ။

မနက်ခင်းတွေဟာ အမှတ်တရတွေကြား ပျော်ဝင်ပြီး ပျောက်ဆုံးသွားရတဲ့ ညတွေရဲ့ အောင်မြင်ခြင်းတွေဖြစ်လာခဲ့တယ်။

ဒီနှစ်တွေမှာ အိပ်မပျော်တာတွေလည်း နည်းလာတယ်။

မင်းပါတဲ့ အိပ်မက်တွေကို အိပ်မက်ကောင်းတွေအဖြစ်လက်ခံပြီးတဲ့နောက် ကိုယ့်ညတိုင်း ကောင်းမွန်တဲ့ညတွေဖြစ်လာခဲ့တယ်။

လက်တွေ့မှာ မင်းအပြုံးတွေ မမြင်နိုင်တဲ့အခါ အိပ်မက်ထဲမြင်ရတာဟာ ကောင်းချီးပါပဲ အချစ်ရယ်။ ။

~~~
"ဟန်ဘင်း ဟျောင်း၊ ကျွန်တော် ဆိုင်မှာစောင့်နေပြီ ဟျောင်း မရောက်သေးဖူးလား"

ဒီနှစ်တွေထဲ လူတိုင်းနဲ့ အဆက်အသွယ်တွေပြတ်တောက်သွားတာတောင် ဂယူဗင်းတစ်ယောက်ကတော့ သူ့ call log စာရင်းမှာမပြတ်။

"လာနေပြီ။ မင်းကအစောကြီး ဘယ်လိုလုပ်ပြီး" bus ကားပေါ်နားကြပ်တပ်ပြောနေရတာမို့ အသံကိုမြှင့်ပြောနေရသည်။

"မလာတာကြာပြီမလား။ ပြီးတော့ ယူဂျင်းကျန်း ကလည်း ဟျောင်း ရဲ့ စတော်ဘယ်ရီ smoothie ကိုသတိရလို့တဲ့" ဒီလောက်ဆို သူ တဖက်လူအစောကြီးလာပြီး သူ့ကိုစောင့်နေတဲ့ ရည်ရွယ်ချက်ကို သိပြီ။

"မင်းတို့နှစ်ယောက် မနာလိုအောင်လုပ်မယ်ဆိုရင်တော့ ဟျောင်းမရောက်ခင် မြန်မြန်ပြန်ကြတော့" ကြားနေရတဲ့ ရယ်သံကျယ်ကျယ်ကိုက တကယ်ကို၊ ကိုယ်မရနိုင်တော့လည်း မနာလိုမိတာ ဆန်းသလား။

ကိုယ့်အချစ်ရယ် မြန်မြန်ပြန်လာပါတော့ကွာ။ ကိုယ် ဒီနှစ်တွေထဲ ဒီအတွဲရဲ့ လေထုကြား ရှင်သန်ရတာ ပင်ပန်းလှပြီ။

အချစ်ပြန်လာရင် ကင်ဂယူဗင်း အိမ်ရှေ့လမ်းမှာ ညနေတိုင်း လက်တွဲလျှောက်ပြရန် ဆိုတာ တချက်ထပ်တိုးမှပဲ။

ဆိုင်ရှေ့လမ်းမှာ လျှောက်လာရင်း ဆိုင်ထဲကိုလှမ်းကြည့်မိတော့ တီလေးရဲ့ ရယ်စရာမကောင်းတဲ့ ဟာသတွေကြားမှာတောင် ရယ်မောနေတဲ့ အတွဲလေး။

အဲ့သလို နှစ်နှစ်ခြိုက်ခြိုက် မရယ်နိုင်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။

The Moment I KnewDonde viven las historias. Descúbrelo ahora