part 2

319 23 4
                                    


- Unicode

                        
                           ********

" ar... ဒီနေ့ရာသီဉတုကောင်းလိုက်တာ "

လက်နှစ်ဖက်ခါးထောက်ပြီးအပျင်းကြောဆန့်ကာ Tanaka ရေရွတ်လိုက်သည် ။
ဒီလိုညနေခင်းတိုင်းမှာAkiya ကိုခေါ်ပြီး
အနီးအနားကို လမ်းလျှောက်ထွက်နေကျ ။
Tanakaတို့အိမ်ကလေးမှာ တောင်ခြေတွင်တည်ရှိ၍ တောင်ပေါ်၌ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းရှိသည် ။
စမ်းချောင်းလေး၏ဘေးမှကပ်လျှောက်လာရင်း အောက်ခံကျောက်စရစ်များကိုပင် ဖောက်မြင်ရသည့် ရေကြည်ကြည်တို့စီးဆင်းသံကို ခပ်တိုးတိုးကြနေရသည်။Kkamiက‌ဦးဆောင်ကာရှေ့မှသွားလျက်
အလေ့ကျပေါက်သည့် ပန်းရိုင်းလေးများတွေ့လျှင်
သူ့နှာခေါင်းလေးဖြင့် တတို့တို့လုပ်နေတော့သည် ။

"  ရှေ့နားမှာ ကြိုးတံတားတစ်ခုရှိတယ် Ani 
    ဝတ်ပြုဖို့လာတဲ့သူတွေ တောင်ပေါ်အကြာကြီး
    မတက်ရအောင် မြို့ဘက်ကနေ
    ဖြတ်လမ်းဖောက်ထားတာထင်တယ် "

" မင်းပြောတဲ့ တံတားအောက်ကစမ်းချောင်းဆိုတာ
   ဒီနေရာလား "

" omm
Ani သဘောကျရင် နောက်နေ့တွေလဲ
ဒီဘက်ပဲလျှောက်ကြမယ်လေ "

" omm  "

Tanakaတစ်ယောက် အစ်ကိုဖြစ်သူရဲ့ပခုံးတစ်ဖက်ပေါ်
လက်တင်ကာ စကားတစ်ပြောပြောနှင့်အိမ်ဘက်ပြန်လျှောက်
လာကြရင်း ကြိမ်ခြင်းထောင်းတစ်ခုနှင့်မပြေးရုံတမယ်လာနေသည့် Felix အားတွေ့လိုက်ရသည့်အခါ Akiya ပခုံးပေါ်တင်ထားသည့်သူ့လက်တောင် ဘယ်အချိန်ဘယ်လိုပြုတ်ကျသွားမှန်းမသိ ။

" Konnichiwaaa !!!! "

" Kon... Konnichiwa
  ဖြည်းဖြည်းလာပါ Felixရယ် "

Felixရယ်မောကာ Tanakaစကားကိုဆက်သည် ။

" ဖြည်းဖြည်းလာမလို့ပါ ၊ မုန့်ကြီးအေးသွားမှာစိုးလို့

ဟိုနေ့ကအကြောင်းပြောပြလိုက်တော့ ကျနော်ဒီမြို့မှာ
သူငယ်ချင်းတွေရသွားလို့ဆိုပြီး okaasanကပျော်နေတာ
ပြီးတော့ဒီကိုလာဖို့ ဒါတွေထည့်ပေးလိုက်တယ် "

လတ်လတ်ဆတ်ဆတ်ဖုတ်ထားသော pieမုန့်နွေးနွေးနှင့်
တာရှည်ခံဟင်းချက်ပစ္စည်းအချို့လဲပါသောခြင်းထောင်းအား
Tanaka လက်ထဲထိုးပေးလိုက်တော့

Forest (Skz MM FanFic)Where stories live. Discover now