- Unicode*****
" မင်းကိုကြီးနဲ့အဖော်နေပေးလိုက်ဦးနော်
ကိုကိုအပြင်သွားရဦးမယ်"TanakaကKkamiရဲ့ခေါင်းလေးကိုပွတ်သပ်ကာ
ဘာလိုဦးမလဲလို့ အိမ်တစ်ခုလုံးကို ခေါင်းတစ်ချက်လှည့်ကြည့်လိုက်ပြီးစိတ်ချရမှ" ကဲ ..လာ.. သွားမယ် "
Felixဂုတ်ကိုခပ်ဖွဖွကိုင်၍သတိပေးလိုက်သည် ။
.
.
." ကျနော်အမြန်ပြန်ခဲ့မယ်နော် Ani "
" ဖြည်းဖြည်းသွားပြီး ဖြည်းဖြည်းပြန်လာ Tanaka
အိမ်မှာအစ်ကိုတစ်ယောက်တည်းနေလို့ဘာမှမဖြစ်ဘူး
မင်းရဲ့အဲ့ဒီစိတ်လောပြီးလမ်းသွားတဲ့ပုံကြောင့်ပဲ
အစ်ကိုစိုးရိမ်ရတာ လမ်းကိုဂရုစိုက်သွား "" ဟိုက်~ "
" Felix ရေ ..
သွားကြမယ်လို့
မင်းက ငါ့အစ်ကိုကို ငါ့ထက်တောင်ပိုပြီးစိတ်ပူနေတာပဲ
ဘာမှမပြောပဲ ကြည့်နေလိုက်တာများ
မျက်လုံးတွေပါအရည်ပျော်ကျတော့မယ် "ခနဲ့တဲ့တဲ့စနောက်ပြောလိုက်တဲ့ စကားအဆုံးမှာ သူ့ဆီ
ပစ်ပေါက်လိုက်တဲ့ Felix ရဲ့မျက်ဝန်းကျယ်ကျယ်တွေ ။.
.
." umm? ဟုတ်လား Felix
အစ်ကို့ကိုစိတ်ပူလို့ကြည့်နေတာလား ""စိတ်မပူနဲ့လေ ပုံမှန်လဲ Tanaka အလုပ်ကိစ္စ
အပြင်သွားရင် အစ်ကိုကဒီလိုနေနေကျပဲကို.. "" အင်းပါဗျာ အင်းပါ အဆင်ပြေရင်လဲပြီးတာပါပဲ
ကျနော်ပြန်လိုက်တော့မယ် "" ittekimasu ~ " ( bye )
အိမ်နှင့်အတော်လေးလှမ်းလာသည်အထိတောင်
Felixတစ်ယောက်
နောက်ကိုလှည့်တကြည့်ကြည့် လုပ်လို့မပြီးနိုင်သေး ။felixရဲ့စိုးရိမ်နေမှုဟာ သူ့နဲ့မသက်ဆိုင်ကြောင်းကို
Tanakaတစ်ယောက်
ကောင်းကောင်းနားလည်ထားပြီးသား ။
ဘာရယ်မှန်းတောင်မသိတော့တဲ့အခြေအနေတစ်ခုမှာ
ခြေတစ်လှမ်းစာလဲသူမမှားချင်ပါ ။ အရာအားလုံးအတွက်
အဖြေကောင်းတစ်ခုသာထွက်မယ်ဆိုရင်
သူ့ကိုယ်သူလဲပြန်ညာပေးနိုင်ပါသည် ။ သို့သော်
မျက်လုံးတွေမှိတ် ၊ နားတွေပိတ်ထားပေမယ့် ခုန်နေသေးတဲ့
ရင်ခွင်တစ်ဖက်ခြမ်းကြောင့် ခက်ရပြန်သည် ။
YOU ARE READING
Forest (Skz MM FanFic)
FanfictionLove triangle of Hyunjin,Felix and Chan - Skz Myanmar Fanfic (Short Story)