part 5

266 18 7
                                    


- Unicode

*****

Tanaka's pov :

ဆရာနဲ့ထားခဲ့တဲ့Kkamiကိုပါ သစ်လုံးအိမ်ကိုပြန်ခေါ်သွားရမှာမို့လို့ကျနော် မနက်မိုးလင်းတော့မှပြန်ဖြစ်ခဲ့တယ် ။
မိုးရွာထားလို့မြေစိမ့်နေလဲ ကျနော်ဒီလမ်းကို ခြေရာထပ်အောင်သွားခဲ့ပြီးသားပါ ၊ ဒါပေမယ့် Aniအတွက်တော့အဆင်မပြေဘူးဆိုတာကျနော် သိတာပေါ့ ။
Aniက ကျနော့်ကိုအမြဲတမ်းညာတယ်ဗျ ။
သူ့စိတ်ကိုကျနော်ဖတ်နိုင်မှန်းသိရဲ့နဲ့
အလျော့ပေးဖို့အတွက် အမြဲတမ်းညာတယ် ။

.
.
.

စာအုပ်တိုက်သွားရင်း မြို့ထဲဝင်ဖို့ရှိတာနဲ့ အိမ်အတွက်လိုအပ်တာတွေလိုက်စစ်ကြည့်သည် ။ Nishiki ဈေးမှာ
သွားဝယ်ရမည် ။

ဖိနပ်ကြိုးကို ဆွဲချည်ရင်း ဝယ်ရမယ့်ပစ္စည်းတွေကို
မမှတ်မိနိုင်သေးတာမို့ မှတ်ဉာဏ်ကောင်းတဲ့Akiyaကို
ပြန်ရွတ်ပြပြီးမေးနေရ၏ ၊

" Kkami အတွက်က......ဘယ်ရီသီး..တွေရယ်
အိမ်မှာက ..အာလူးရယ် ၊ ဆန်ရယ် ... မီးလုံးနှစ်လုံးရယ်
ဟဲဟဲ ပြီးတော့ဘာလဲ Ani "

" Felix အိမ်ဝင်ဖို့ရယ် "

" Ani .. "

တံခါးဘောင်ကိုမှီကာရပ်နေတဲ့ Akiyaက
သူ့မျက်လုံးလေးတွေမှေးစင်းသွားတဲ့အထိ
ရက်ရက်ရောရောပြုံးချလိုက်တယ် ။

" Ani mochi စားမယ်မလား .. ပူတင်းရော ?
umm အကုန်ဝယ်ခဲ့မယ်ဗျာ.. "

Ittekimasu ! ( bye )

.
.
.

သစ်လုံးအိမ်နှင့် အနီးဆုံးဘူတာငယ်တစ်ခုအထိဆိုလျှင် ‌မိနစ်20နီးပါးလမ်းလျှောက်ရသည် ။

' ဒုတ် ! '

ဆောင်းလာတဲ့သူ့ကိုယ်ပိုင်ထီးကလေးဟာ နက်ပြာရောင်
ပါးလွှာဖြူရော်လျက် ဒီနေရာမှာတော့ အနားယူသွားခဲ့ပါပြီ ။

" ဘယ်ရီသီး .. အာလူး .. ဆန် ... မီးလုံး ...
ပြီးတော့ ခေါက်ထီးတ‌စ်ချောင်း ၊ "

ရထားပေါ်ပြေးတက်သွားလိုက်ပြီး
ရူခင်းကိုငေးစိုက်ကြည့်လျက် လိုက်ပါလာခဲ့သည် ။

.
.
.

at Felix 's 🏡

.
.
.

" အမယ် ! အထုပ်တွေအပိုးတွေနဲ့
ပန်းပင်တွေတောင်ပါသေးတယ် "

Forest (Skz MM FanFic)Where stories live. Discover now