- Unicode*****
Kiyomizu - Dera Temple
crd . pics
*****
Felix 's pov :
မိုးရွာပြီးတဲ့နောက်ပိုင်းတွေမှာ တောအုပ်ထဲ
မရောက်ဖြစ်တော့တာကြာပြီ ။ မိုးမိလို့ဖျားရုံပါပဲ ၊
တခြားသူရဲ့ နှလုံးအစိတ်အပိုင်းတွေနဲ့ဆက်ထားရတဲ့
ဒီခန္ဓာသက်တမ်းကြောင့်သာ ကျနော်
အစ်ကို့ကို တွေ့ဖို့နှောင့်နှေးနေခဲ့ရတယ် ။
အစ်ကိုရော ကျနော့်ကိုမျှော်နေပါ့မလား ၊
ကျနော် နေမကောင်းမှန်းသာ အစ်ကိုသိခဲ့ရင်
စိုးရိမ်ရလို့ မောနေလောက်မလား ... ၊
စိတ်ထဲတစ်ခုခုများ ခံစားနေရမလားတောင်
သေချာမသိပေမယ့် ကျနော်ကတော့
အစ်ကိုပျော်အောင် တစ်ခုခုပြန်ပေးချင်နေမိတယ် ။
ဘာကြောင့်လဲ အစ်ကိုရယ် .. ။
.
.
.ကားမှန်တံခါးကိုမှီရင်း တွေးတွေးငေးငေးဖြစ်နေတဲ့ Felixကို
Itsuki သတိထားမိနေကာ" Felix san ..အခုထိနေမကောင်းသေးဘူးလား
နေကောင်းမှ အပြင်ထွက်တာမဟုတ်ဘူး
ဟိုနှစ်ယောက်က ငါက မင်းကို ဆွဲခေါ်လာတယ်ဆိုပြီး
ပြဿနာရှာနေဦးမယ် "
YOU ARE READING
Forest (Skz MM FanFic)
Hayran KurguLove triangle of Hyunjin,Felix and Chan - Skz Myanmar Fanfic (Short Story)