Part 1

1K 27 0
                                    

- Unicode

**********

အိမ်အပေါ်ထပ်လေသာဆောင်တွင် okaasan
ပန်းအိုးတွေနှင့်အလုပ်များနေခိုက်
သားလူလည်လေးFelixက ဘောလုံးတစ်လုံးကိုပိုက်ကာ အပြင်သို့အလစ်ထွက်တော့သည် ။

a/n : * okaasan - အမေ *

" okaasan ! okaasan !
ဒီနားပဲခဏသွားပြီးပြန်လာခဲ့ပါ့မယ် ~~~ "

" အယ် !
ဒီကောင်လေးကတော့

သိပ်မပြေးခဲ့နဲ့နော် ~~~ "

" ဟိုက် ! "

ပြောလဲပြော လက်တစ်ဖက်ကိုလဲဝှေ့ရမ်းပြပြီးတဲ့နောက်
အိမ်မှမနီးလွန်းမဝေးလွန်းသည့် နေရာလေးဆီ
လျှောက်လာခဲ့သည် ။ Felix ရောက်နေသည့်
အသေးစားbasketballကစားကွင်းအနီးတွင်
တောအုပ်ငယ်တစ်ခုသာရှိသည် ။ မလှမ်းမကမ်းကိုမျှော်ကြည့်ပါက ဆိုင်ငယ်အချို့နှင့် တစ်လမ်းသွားရထားလမ်း တစ်ခုရှိပါသော်လည်း လူသူမထူထပ်ပဲဆိတ်ငြိမ်လှ၏။
အဆော့တော်လွန်းသဖြင့် ဘောလုံးကကွင်းအပြင်‌ကျော်ထွက်သွားတာမို့ သုတ်သုတ်ပြာပြာ လိုက်ကောက်ရင်း တောအုပ်ထဲ တဖြည်းဖြည်း ရောက်လာတော့သည် ။

" wow !
သစ်လုံးအိမ်လေးပဲ "

‌မြက်ခင်းကိုခုတ်ထွင်ကာ အနည်းငယ်ရှင်းလင်း
ဖောက်လုပ်ထားပုံရတဲ့ လူသွားလမ်းလေးအဆုံး၌
ဘေးတိုက်အနေအထားဖြင့်မြင်ရသည့် သစ်လုံးအိမ်တစ်လုံး ။
သစ်ပင်ရနံ့‌တွေသင်းနေတဲ့လေထုရယ် ၊
သေသပ်စွာဖြစ်တည်နေတဲ့ဒီအိမ်လေးရယ်က
သူ့စိတ်ကိုအေးချမ်းသွားစေခဲ့သည်မှာတော့ အမှန်ပင် ။

" Kkami ... Kkami ! "

ထိုစဉ် သစ်ရွက်တွေကြားလေတိုးသံအား ဖောက်ထွင်းလာသောအသံငြိမ်ငြိမ်တစ်ခုကို ကြားလိုက်ရသည်နှင့်
တပြိုက်နက်ပင် သူ့အနားသို့ မဲမဲလုံးလုံး အမွေးပွပွနှင့်
ခွေးပေါက်ကလေးတစ်ကောင်က ပြေးလာပြန်သည်။
Felix ကခွေးပေါက်လေးအား လက်ဖြင့်အသာအယာပွတ်သပ်ပေးရင်း လူသွားလမ်းလေးဆီပြန်ကြည့်မိတဲ့အခါ သူ့အားမှင်သေသေရပ်ကြည့်နေသူတစ်ယောက်ကိုတွေ့ရသည် ။

a/n : * sumimasen - စိတ်မရှိပါနဲ့ *

" ar ...
sumimasen !
Kkamiက အနှောင့်အယှက်ပေးမိပြီထင်တယ် "

Forest (Skz MM FanFic)Where stories live. Discover now