Part-3

3K 112 1
                                    

သိမ့်ဘက်လှည့်လိုက်တော့ အရင်က ဆုံဖူးသည့် အမျိုးသမီးဖြစ်နေသည်...

" ခင်သန္တာအောင်!!! နင်က ဘယ်လိုဖြစ်လို့ "

......

" အိုး နှုတ်ဆက်တာက ကြမ်းလိုက်တာ ရှင်ရယ် "

သိမ့်က ဘာမှမပြောပဲ ရုပ်တည်ကြီးနဲ့ ကြည့်နေတော့

" ကဲပါ ရှင့်အကြည့်တွေကြောင့် တို့တောင် ပြာကျတော့မယ်ထင်တယ် တို့ကိုယ်တို့ မိတ်ဆက်ပေးမယ်နော်
တို့က Solid Company ရဲ့ နောက်တက်မယ့် CEO သဘက်ခါ တို့ရဲ့ပွဲလေးရှိတယ် လာတက်နော် အာ...နောက်ပြီး... ရှင့်အမျိုးသမီးကိုပါ ခေါ်လာခဲ့ပေါ့ "

သိမ့်လက်ထဲကို ဖိတ်စာထည့်ပေးလိုက်သည်..

" သူ့ကို သိပ်တွေ့ချင်နေတာမို့ ခေါ်ဖြစ်အောင်​ေခါ်ခဲ့နော် " သိမ့် နား နားကပ်ကာပြောလိုက်သည်..

" အလုပ်ကိစ္စတွေကိုတော့ အတွင်းရေးမှူးက တဆင့်ပြောပေးပါနော် တို့က အရမ်းအလုပ်များတာလေ အခုက သက်သက် ယူ့ကို လာနှုတ်ဆက်တာ တို့ အပ်ထားတဲ့ ၀တ်စုံလေး အခြေအနေဘယ်လိုလဲ သွားကြည့်ချင်လို့ တို့ကို ခွင့်ပြုပါအုံး "

ငယ့်ဆီသွားမယ်မှန်းသိတော့ စိတ်တိုသွားကာ သိမ့်က ခင်ရဲ့ လက်မောင်းနှစ်ဖက်ကို ကိုင်ညှစ်လိုက်ပြီး နံရံသို့တွန်းကပ်လိုက်သည်...

သိမ့်က ခင့်ကို ငုံ့ကာ စိုက်ကြည့်လိုက်ပြီး
" ဘာရည်ရွယ်ချက်နဲ့ ငါတို့အနားကို ပြန်လာတာလည်း ငါ့ဆီက ငယ့်ကို လုယူဖို့ကြိုးစားမလို့လား သူများအိမ်ထောင်ရေးကို ပျက်ဆီးအောင် လုပ်ဖို့ကြံနေတာမလား "

" အိုး...ဟိုး... စွတ်စွဲတာတွေက ကြမ်းလှချည်လား ဒေါ်သိမ့်မဟာမြိုင်ရယ်
ကျွန်မက ရိုးရိုးသားသား ခိုးစားချင်ယုံပါ "

" ဘာ!!!! "

ခင်က သိမ့်ကို တွန်းထုတ်လိုက်ပြီး...

" ကျွန်မက ဒီတိုင်း​စလိုက်တာပါ ဒါနဲ့ အဲ့လောက်အနီးကပ်ကြီးတွေမလုပ်ပါနဲ့ တယောက်ယောက်မြင်ရင် ရှင်နဲ့ကျွန်မကို အထင်လွဲသွားပါအုံးမယ် နောက်ပြီး အခုလောလောဆယ်မှာ ကျွန်မတို့က လုပ်ငန်းပါတနာတွေ မလား တခုခုအချေအတင်​ဖြစ်ရင်မကောင်းဘူးလေ စာချုပ်ပျက်သွားရင် ရှင့်ဘက်က နစ်နာမှု ပိုများမှာထင်တယ် အရင်က ကိစ္စတွေ မေ့ထားရအောင်လား "

𝗠𝘆 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻 ( ကျွန်မရဲ့အုပ်ထိန်းသူ ) 𝗦𝗲𝗮𝘀𝗼𝗻-𝟮Where stories live. Discover now