Flashback .....
( အသက်မပြည့်သေးတဲ့ ခလေးတေွ ကျော်လိုက်ပါနော် တချို့ခလေးတွေအတွက် မသင့်တော်လို့ပါ )
ဖြန်းးးးးး
" မင်းကများ ငါ့ကိုရိုက်ရဲတယ်ဟုတ်လား !!! မင်းကများ!!! "
သူမရှေ့တင် သူမအမေကိုရိုက်နှက်နေတော့ မနေနိုင်ပဲဝင်ပါမိပြန်ပြီ။" တော်တော့!!!!! ကျွန်မအမေကို လာမထိနဲ့ !!!! " အမေ့အရှေ့ကနေကာ ကာပြောလိုက်သည်.....
" ဒီကောင်မက ဝင်ပါပြန်ပြီ!!!!! ဝင်ပါချင်အုံးကွာ!!! " ပြောရင်းနဲ့ ဇွဲခေါင်းကို အနားက အရက်ပုလင်းနဲ့
ထုရိုက်ခွဲလိုက်တော့ ဇွဲလည်းလဲကျသွားတော့သည်......" ကောင်းတယ် မွေးရကျိုးမနပ်လိုက်တာ!!!! နောက်တခါငါတို့ကိစ္စတွေဝင်မပါနဲ့ ကြားလား!!! "
ဇွဲက ပြန်မဖြေနိုင်သေးတော့ သူမအမေဘက်ပြန်လှည့်လိုက်ကာ" နင်က ငါ့ကိုတောင် အာခံနိုင်ပြီပေါ့ "
" အာခံရုံတင်မကဘူး ငါနင့်ကို ပြန်လုပ်မှာ ငါ့သမီးကို ထပ်ထိရဲထိကြည့်နော် !!! " မီးဖိုချောင်ထဲက ဝက်သားခုတ်တဲ့ဓားအမြန်ယူလိုက်ပြီး ဓားကို ထောင်ကာကိုင်ထားလိုက်ပြီးပြောလိုက်သည်...
" အခုချက်ချင်းငါ့အိမ်ကထွက်သွား! မဟုတ်ရင်ငါဘာလုပ်မိမလဲ မသိဘူး!!! ထွက်သွား !!!!! "
....
သူမယောက်ျားထွက်သွားတော့မှ ဓားကိုစားပွဲပေါ်တင်လိုက်ကာ လဲကျနေတဲ့ခလေးနားသွားပြီး
" သမီးလေး.... သွေးတွေ အများကြီး ထွက်နေတာပဲ ခနလေး မေမေ သွေးတိတ်အောင်လုပ်ပေးမယ် "
ဇွဲနားက ထသွားလိုက်ပြီး အဝတ်အသန့်တစ်ခုကို ရှာနေတုန်း
ထိုလူက အိမ်ပေါ်ပြန်တက်လာပြီး ခုနက ဓားကိုကောက်ကိုင်လိုက်ကာ " မေမေ!!!!! "ဇွဲကအော်နေပေမယ့်အားမရှိတော့အသံမထွက်ပဲ ထိုလူအိမ်ခန်းထဲဝင်တာတွေ့လိုက်တော့ အားယူကာအမြန်ထလိုက်သည်....
....
" ရှင်!! ရှင်ထွက်သွား မလာနဲ့နော် !!!!!! "
" မင်းကများငါ့ကို ဓားနဲ့ခြိမ်းခြောက်ရဲတယ်ပေါ့ မင်းလိုမိန်းမက ဘာလုပ်နိုင်မှာမို့လို့လဲ !!!!! ဟမ်!! ငါ့ကို အခုချက်ချင်း ဒူးထောက်ပြီးတောင်းပန်စမ်း !!!!! "
YOU ARE READING
𝗠𝘆 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻 ( ကျွန်မရဲ့အုပ်ထိန်းသူ ) 𝗦𝗲𝗮𝘀𝗼𝗻-𝟮
Romance" ဘာလို့ ငယ့်ကိုမယုံကြည်တာလဲ!! ဘာလို့အမြဲတမ်းစွပ်စွဲနေတာလဲ!! ကိုမလုပ်ထားတဲ့ ကိစ္စတွေကို လုပ်ပါတယ်လို့ ပေါ်တင်စွပ်စွဲခံနေရတာ အရမ်းခံပြင်းဖို့ကောင်းတယ် မတကယ်ပဲ ဘာဖြစ်ချင်နေတာလဲ!! ငယ့်ကို ထွက်သွားအောင်လုပ်နေတာမလား!! " ...လမင်းငယ် " မင်းဖြစ်ချင်တာတွေလ...