" ဒေါ်ကြီး ငယ်ရော " သိမ့်က စာကြည့်ခန်းထဲက ထွက်လာပြီး ငယ်ဘယ်လိုထင်သွားလဲကို အရမ်းစိတ်ပူနေတဲ့အတွက်ကြောင့် အမြန်မေးလိုက်သည်...
" ခုနလေးကတင် ထွက်သွားတာကွဲ့ "
" အော် ဟုတ် "
" မနက်စာ ပြင်ထားတယ်နော် မမလေး စားသွားမှာမလား "
" မစားတော့ဘူး ဒေါ်ကြီး သိမ့်အမြန်သွားရမှာမို့လို့ ဒါနဲ့ ငယ်ဘာမေးသေးလဲ "
" မေးတော့မေးတယ် ဘယ်သူလဲဆိုပြီးတော့ ဒေါ်ကြီးလဲမသိဘူးလို့ပဲပြောလိုက်တာ "
" ဟုတ်ကဲ့ ဒေါ်ကြီး ဒါဆို သိမ့်ရေချိုးလိုက်အုံးမယ်နော် "
" ဟုတ်ကဲ့ မမလေး "
သိမ့်ရေချိုးခန်းထဲ မဝင်မီဖုန်းကို စစ်ကြည့်လိုက်တော့
( မမ ငယ် မမသန္တာရဲ့ ဝတ်စုံကို အပြီးသတ်ရမှာမို့ သွားနှင့်ပြီနော် ညနေကျမှတွေ့မယ် )သူမပို့ထားတဲ့ စာလေးကို ဖတ်လိုက်ပြီး ပြုံးလိုက်သည်...
" ငယ်က တို့ကို သံသယ မဖြစ်ဘူးလား မသိချင်ယောင်ဆောင်နေတာလား တကယ်ငယ့်အတွေးကို လိုက်မမှီတော့ပါဘူးကွယ်.... ညနေကျရင် ပွဲသွားရအုံးမယ် ငယ့်ကိုတောင် မမေးလိုက်ရဘူး ဘာဝတ်ရမလဲလို့ "
သူမရေချိုးပြီး Makeup ပြင်နေစဥ် တံခါးခေါက်သံကြားတော့ ဖွင့်လိုက်ပြီး
" မမလေး မမလေးဖို့ ငယ်က ပို့လိုက်တာတဲ့ "
ဒေါ်ကြီး သိမ့်လက်ထဲ ဘူးကို ထည့်လိုက်ပြီး ထွက်သွားသည်..
သိမ့်လည်း ထိုဘူးကို ကုတင်ပေါ်ချလိုက်ကာ ဖွင့်ကြလိုက်သည်..
" အံ့မယ် ချစ်ရတဲ့မမ ဆိုပါလား ဒီခလေးတော်တော်တတ်တယ် "
အထဲမှာ အမည်းရောင်ကတ္တီပါသား Suit လေး..
သိမ့်က coat ကို ထုတ်ပြီး ဝတ်ကြည့်လိုက်သည်..." လှလိုက်တာ ငယ်ကတော့ တကယ် လူကို တနေ့တမျိုးမရိုးရအောင်လုပ်တတ်တယ် "
ဝတ်စုံရဲ့အောက်မှာ စာတစောင်ထွက်ကျလာတော့ သိမ့်လည်း ကောက်ဖတ်လိုက်ရင်း
( ငယ်ပေးတဲ့လက်ဆောင်ကို သဘောကျရဲ့လား ငယ်လည်း မမနဲ့ဆင်တူ dress ဝတ်လာခဲ့မယ် တူတူပွဲတက်ကြတာပေါ့ 💕💕)
YOU ARE READING
𝗠𝘆 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻 ( ကျွန်မရဲ့အုပ်ထိန်းသူ ) 𝗦𝗲𝗮𝘀𝗼𝗻-𝟮
Romance" ဘာလို့ ငယ့်ကိုမယုံကြည်တာလဲ!! ဘာလို့အမြဲတမ်းစွပ်စွဲနေတာလဲ!! ကိုမလုပ်ထားတဲ့ ကိစ္စတွေကို လုပ်ပါတယ်လို့ ပေါ်တင်စွပ်စွဲခံနေရတာ အရမ်းခံပြင်းဖို့ကောင်းတယ် မတကယ်ပဲ ဘာဖြစ်ချင်နေတာလဲ!! ငယ့်ကို ထွက်သွားအောင်လုပ်နေတာမလား!! " ...လမင်းငယ် " မင်းဖြစ်ချင်တာတွေလ...