အနားကပ်လာလေလေ ကြောက်လေလေ ဖြစ်လာတာကြောင့် မျက်လုံးနှစ်ဖက်ကို စုံမှိတ်ထားပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတဲ့အချိန်...
ဒုန်း!!!! ကနဲ အသံကြားလိုက်ပြီး သူမ မျက်စိရှေ့က လူကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်လိုက်သည်..
ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်တော့
" ဇွဲ.."
ဇွဲက ခင့်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူတွေဘက်လှည့်ကာ
" ၄ယောက် ၁ယောက်ပဲ လူထပ်ခေါ်ချင်သေးလား "
" သူ့ကိုပါ ရှင်းပစ်လိုက် " ဆိုင်ကယ် အတိုက်ခံလိုက်ရတဲ့ လူက ပြောတော့ ခင့်ကို ချုပ်ထားတဲ့လူ၂ယောက်လည်း ဇွဲဆီပြေးလာသည်..
....
ဇွဲက တိုက်ခိုက်ရေးကျွမ်းကျင်တာကြောင့် လျှင်မြန်စွာရှောင်ထွက်နိုင်ပြီး ထိုလူတွေ မနိုင်တော့တဲ့အဆုံး ဓားမြှောင်တွေထုတ်ပြီး" ဒီည မင်းကိုအသေသတ်ပစ်မယ် "
" သေချာလို့လား ငါတော့မထင်ဘူး သေချာနားထောင်ကြည့်ပါအုံး "
ရဲကားသံက ပိုမိုနီးကပ်လာတာကိုကြားလိုက်တော့
" ဒီကောင်မ ရဲခေါ်ထားတာလား မဖြစ်ဘူး နောက်မှ ဆက်ရှင်းရအောင် လောလောဆယ် ပြေးမှရတော့မယ် ဟေ့ရောင်တွေ ကားပေါ်အမြန်တက် "ပြေးသွားတဲ့လူတွေထဲက ဆိုင်ကယ်အတိုက်ခံထားရတဲ့တယောက်ကို ဂုတ်ကနေလှမ်းဆွဲလိုက်ပြီး ခြေထောက်ကို ကန်လိုက်ကာ
" အခုပြေးလို့ဘယ်ရမလဲ ခနနေကြပါအုံး အဖော်တွေရောက်လာတော့မယ်လေ "
" သူ့ထားခဲ့လိုက်တော့ ငါတို့ပြေးကြမယ် " ကျန်တဲ့သုံးယောက်က ကားမောင်းပြေးထွက်သွားတော့ ဇွဲက ကျန်ခဲ့တဲ့တစ်ယောက်မျက်နှာကို လက်သီးနဲ့ ၃ချက်လောက်ဆင့်ထိုးပြီးတဲ့ အချိန် သူလည်း မှောက်သွားတော့သည်..
" သူတို့လာရင် ထိုးမရတော့မှာမို့လို့ အခုအားရအောင်ထိုးလိုက်တာ မင်းတို့လိုကောင်တွေက အဲ့လောက်နဲ့အသိတရားရမှာမဟုတ်ဘူး "
ရဲကားရောက်လာတဲ့ အချိန်ကားပေါ်က ရဲ၃ယောက်ဆင်းလာပြီး ဇွဲကို အလေးပြုလိုက်ကာ
YOU ARE READING
𝗠𝘆 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻 ( ကျွန်မရဲ့အုပ်ထိန်းသူ ) 𝗦𝗲𝗮𝘀𝗼𝗻-𝟮
Romance" ဘာလို့ ငယ့်ကိုမယုံကြည်တာလဲ!! ဘာလို့အမြဲတမ်းစွပ်စွဲနေတာလဲ!! ကိုမလုပ်ထားတဲ့ ကိစ္စတွေကို လုပ်ပါတယ်လို့ ပေါ်တင်စွပ်စွဲခံနေရတာ အရမ်းခံပြင်းဖို့ကောင်းတယ် မတကယ်ပဲ ဘာဖြစ်ချင်နေတာလဲ!! ငယ့်ကို ထွက်သွားအောင်လုပ်နေတာမလား!! " ...လမင်းငယ် " မင်းဖြစ်ချင်တာတွေလ...