Part-6

2.8K 113 4
                                    

....

* သူပြောထားတဲ့ အတိုင်းဆို ဒီအိမ်ပဲ အိမ်ကြီးက အကြီးကြီးပဲ နင်က တကယ် ကံကောင်းတာပဲ လမင်းငယ် *

သူမ က အိမ်ကြီးကို ကြည့်လိုက်ကာ ကားပေါ်က ဆင်းလိုက်ပြီး Bell တချက်နှိပ်ကာ ကားကို မှီပြီး စောင့်နေလိုက်သည်..

ခနကြာတော့ ခြံစောင့်ဦးလေးကြီး တယောက်ထွက်လာပြီး

" ဘယ်သူလဲမသိဘူး "

" ဒီအိမ်က ဒေါ်သိမ့်မဟာမြိုင်ရဲ့ အိမ်လားမသိဘူး "

" ဟုတ်ပါတယ် "

" ကျွန်မက ဒေါ်သိမ့်မဟာမြိုင်ကို ပြန်လာပို့တာပါ သူက အရမ်းမူးနေလို့လေ သူကားထဲမှာရှိပါတယ် "

ထို ခြံစောင့်ဦးလေးကြီးက ကားထဲမှာ သိမ့်ရှိမရှိ အတည်ပြုပေးပြီးတော့ ခြံတံခါးကို ဖွင့်ပေးသည်..

သူမက ခြံထဲကို မောင်းသွားပြီး ဦးလေးကြီး ရပ်ခိုင်းတဲ့နေရာမှာ ကားကို ရပ်လိုက်သည်.

ကားထဲက ထွက်လာပြီး သိမ့်ကို တွဲကာ ကားထဲကထုတ်ဖို့ ဟန်ပြင်တော့

" ကျွန်တော် အထဲကို ပို့ပေးပါမယ် "

" ဟုတ် "

သိမ့်ကို နှစ်ယောက်လုံး တွဲ ပြီး အိမ်ထဲလိုက်ပို့လိုက်သည်...

ဆိုဖာပေါ်တင်လိုက်ပြီး
" ဦးလေး ပြန်လို့ရပြီနော် ကျွန်မ လမင်းငယ်ကို ပြောလိုက်မယ် သူပြန်ရောက်ပြီမလား "

" ဟုတ် မမလေးက အပေါ်မှာပါ ဒါဆို ကျွန်တော်သွားလိုက်ပါအုံးမယ် " ခြံစောင့်ဦးလေးကြီးက သူတို့နာမည်တွေသိနေတော့ အသိတွေ ထင်ပြီး စိတ်ချစွာ ထွက်သွားသည်..

ထို မိန်းကလေးလဲ ဧည့်ခန်းထဲက ပုံတွေကို လျှောက်ပတ်ကြည့်ပြီး
" ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာပုံပဲ အားကျစရာ ဘဝကြီးကို ပိုင်ဆိုင်ထားတာပဲနော် "

သိမ့်ရဲ့ ငြီးတွားသံကို ကြားလိုက်တော့ သူအမူးပြေစပြုလာပြီဆိုတာ သိလိုက်သည်
အမြန်ပဲ သူမက သိမ့်ပေါင်ပေါ် တက်ထိုင်လိုက်ပြီး
" show စကြတာပေါ့ ဒေါ်သိမ့်မဟာမြိုင် "

" ငယ်... ငယ်လား " ငြီးပြီး ပြန်အိပ်ပျော်သွားတော့...
လမင်းငယ် ထွက်လာအောင် ဘေးနားက စားပွဲပေါ်က ပန်းအိုးကို သူမလက်နဲ့ ရိုက်ချလိုက်သည်

𝗠𝘆 𝗚𝘂𝗮𝗿𝗱𝗶𝗮𝗻 ( ကျွန်မရဲ့အုပ်ထိန်းသူ ) 𝗦𝗲𝗮𝘀𝗼𝗻-𝟮Where stories live. Discover now