သား..အမေ့ကိုလာကူပါအုံးဆိုင်မှာလူကျနေပြီ..အော်...ဒီသားကတော့လေ ဘာလုပ်နေပြန်ပြီလဲမသိဝေး....သက်ပြင်းချလိုက်ပြီး အိမ်ပေါ်ထပ်ကိုအပြေးတက်ကာ တံခါးခေါက်လိုက်သည်။ဒေါက်....ဒေါက်....ရိုင်ရယ်...
ကျစ်....အမေ့ဘာဖြစ်လို့လဲ သားသီချင်းရေးနေတာ ခေါင်းတွေလဲရှုပ်နေပြီ ဘာစာသားမှထွက်မလာဘူး စိတ်ညစ်ပါတယ်...
ဟဲ့...ညည်းမနေနဲ့ အောက်မှာလူကျနေပြီစျေးရောင်းကူလာ ဒါမှအတွေးသစ်အကြံသစ်ရအုံးမယ် လာ..ငါမအားဘူးမြန်မြန်လာ
အား...မလုပ်ချင်ဘူး..သားသီချင်းရေးရအုံးမှာလို့...အမေ့...အမေ့
အတင်းလက်ကဆွဲခေါ်ခံရတာမို့နောက်က ကလေးတစ်ယောက်လိုပါသွားသည်။စိတ်ပျက်စွာ အလုပ်ကူရင်း ပါးစပ်ကလဲငြီးနေ၏။ ( ရိုင်ရယ်) ..ခေါ်သံကြောင့် လှည့်ကြည့် လိုက်သောအခါ ရပ်ကွက်ထဲက ပရိိတ်သိတ် တွေဖြစ်နေသည်။ရပ်ကွက်ထဲမှာတော့ ရိုင်ရယ်ကအကောင်းဆုံး အဆိုတော်ပဲ ခွေးကနေအသက်ကြီးတဲ့လူတွေကစ တစ်ခါတစ်လေ သီချင်းဆိုပေးဖို့တောင်းဆိုတတ်ကြသည်။ကျောင်းစာဖက်မှာတော့အတော်လေးအားနည်း၏။ မကြာခဏ ကျောင်းအုတ်ကြီးရဲ့သတိပေးစာကြောင့် ကျောင်းပြောင်းဖို့ထိတောင်ဖြစ်ခဲ့ကြသေးသည်။ဒါပေမယ့်ရိုင်ရယ်ကတော့ဂရုမစိုက် သီချင်းဆိုဖို့နဲ့ရေးဖို့သာအာရုံစိုက်သည်။အဖေနဲ့တူတဲ့အချက်ကြောင့်ဖြစ်မည် အခုတော့အမေနဲ့သားတစ်ယောက်သာကျန်တော့သည်။အမေကထမင်းဆိုင်ဖွင့်ထားပြီး ရိုင်ရယ်ကိုလိုလေသေးမရှိအောင်ထောက်ပံ့ထားသည်။ဒါပေမယ့်ခက်ခဲလှသည်။တစ်နည်းအားဖြင့် ထမင်းဆိုင်လေးလူပိုကျရခြင်းမှာရိုင်ရယ့်သီချင်းဆိုဖျော်ဖြေမှုကြောင့်လည်းပါသည်။
ကောင်လေး...မင်းအဘတို့ကိုသီချင်းလေးတစ်ပုဒ်လောက်ဆိုပေးပါအုံးကွယ်..နော်..
အော်...သက်ပျင်းချလိုက်ပြီး ကျွန်တော်တောင်အခုတစ်လောခေါင်းစားနေတာ စာသားမရှိလို့ နားထောင်ချင်တယ်ဆိုရင်လဲရပါတယ်ဆိုပေးမယ်
ထမင်းဆိုင်ဘေးနားမှာ သီချင်းဆိုဖို့လုပ်ထားတဲ့ နေရာသီးသန့်လေးမှာလူတွေစုအုံနေကြပြီ
YOU ARE READING
My school lover📚🎧
Fanfictionမင်းနဲ့သူငယ်ချင်းလုပ်ဖ်ု့အစကတည်းကစိတ်ကူးမရှိဘူး ဒါကြောင့်ငါထူးခြားနေခဲ့တာမင်းအတွက်သီးသန့်ပဲ (uni) ဇာတ်လမ်းထဲတွင်ပါဝင်သော စာသားများနှင့် အပြုမှုများသည် မည်သူ့ကိုမှ မထိခိုက်စေလိုပါ စဥ်းစားဆင်ခြင်၍ ဖတ်တွေးပေးပါ။အမှားတစ်စုံတစ်ရာပါ ပါကဝေဖန်အကြံပေးနိုင်ပါ...