[Unicode]ကျောင်းအုတ်ရုံးခန်းထဲတွင် လီမင်နဲ့အတူ ဆရာ၊ဆရာမများ အစည်းဝေးတက်နေကြသည်။ကျွန်မပြောချင်တာကအဲလိုပါပဲ ဒီနေ့ကဒီလောက်ပါပဲ ဒါနဲ့ လီမင်နေခဲ့အုံး
ဟုတ်...အမေ့ဘာပြောစရာရှိလို့လဲ
သားကိုခိုင်းစရာလေးရှိလို့ ကျောင်းအတွက်ဒီနှစ်ရန်ပုံငွေက နှစ်ကုန်ထိလောက်မှာမဟုတ်ဘူး ဒါကြောင့် ဂီတကလပ်ကိုတစ်လလောက်နားထားစေချင်တယ် သားစီစဉ်လိုက်နော်
ဟမ်...ဘာလို့ဂီတကလပ်လဲ တခြားကလပ်တွေလဲရှိတာပဲ
သား...တခြားကလပ်တွေကအဲ့လောက်မကုန်ဘူး ဂီတကလပ်က အရမ်းငွေကုန်တယ် ဒါကြောင့်အားလုံးအတွက် တစ်လလောက်ပဲနားမှာပါ
အမေ့....ကျစ်...
သားဘာဖြစ်လို့လဲ...သားလဲဂီတကလပ်မဟုတ်ပဲနဲ
ဟူး...ဘာမှမဟုတ်ဘူး သွားတော့မယ်( ဒီတိုင်းဆို ရိုင်ရယ်တော့ ငါ့ကိုပိုမုန်းတော့မယ် အခုမှအဆင်ပြေခါစရှိသေးတယ်) ခြေလှမ်းတွေကအသက်မပါ အောက်ကိုကြည့်၍စိတ်ညစ်စွာ ငြီးနေမိ၏။
ဟေး...လီမင်
(ဘေးကရိုင်ရဲ့ခေါ်သံကြောင့် ခက်ခဲစွာ မော့ကြည့်လိုက်သည်။)
မင်းဘာဖြစ်နေတာလဲ အားမရှိသလိုပဲ နေမကောင်းဘူးလာ
ငါ..ငါနေကောင်းပါတယ်...ဟို...
ကောင်စီအသင်းသားများက ဂီတကလပ်ထဲက ပစ္စည်းများအားသိမ်းလာကြသည်။
ဟိတ်...မင်းတို့ဘာလုပ်တာလဲ...
မင်းမသိသေးဘူးလာ ကျောင်းအုတ်က ဂီတကလပ်ကို တစ်လနားခိုင်းထားတယ်
ဘာ...မင်းဘာပြောတာလဲ သူပြောတာဟုတ်လာ လီမင်... ပြောလေ
ငါ..ငါမလုပ်ဘူး...အမေက...ကျစ် ငါတားပါသေးတယ် ဒါပေမယ့်
ထွက်သွား...ငါအထင်မှားခဲ့တာပဲ မင်းကအမြဲတမ်း တကိုယ်ကောင်းဆန်တဲ့လူဆိုတာမေ့သွားတယ် ငါနဲ့လာမပတ်သတ်တော့နဲ့ ငါတို့ဒီပြိုင်ပွဲအတွက်ဘယ်လောက်အားစိုက်ထားလဲသိရဲ့နဲ့ မင်းတမင်လုပ်တာမို့လာ
ရိုင်ရယ်....ရိုင်...( မင်းနောက်ထပ်ငါ့ကို ထွက်သွားခိုင်းပြန်ပြီ ငါတောင်းပန်ပါတယ် အခုတော့ဘာမှမလုပ်နိုင်သေးဘူး)
YOU ARE READING
My school lover📚🎧
Fanficမင်းနဲ့သူငယ်ချင်းလုပ်ဖ်ု့အစကတည်းကစိတ်ကူးမရှိဘူး ဒါကြောင့်ငါထူးခြားနေခဲ့တာမင်းအတွက်သီးသန့်ပဲ (uni) ဇာတ်လမ်းထဲတွင်ပါဝင်သော စာသားများနှင့် အပြုမှုများသည် မည်သူ့ကိုမှ မထိခိုက်စေလိုပါ စဥ်းစားဆင်ခြင်၍ ဖတ်တွေးပေးပါ။အမှားတစ်စုံတစ်ရာပါ ပါကဝေဖန်အကြံပေးနိုင်ပါ...