[Unicode]
ဒီနေ့ငါတို့စာမေးပွဲမှာအောင်ရမယ် ရိုင်ရယ်တို့အဖွဲ့ ဝိုင်းစုလိုက်ပြီး အော်လိုက်ကြသည်။အတန်းခွဲပြီးဖြေရတာကြောင့် လူတွေကွဲကုန်သည်။လီမင်နဲ့ရိုင်ရယ် တစ်ခန်းထဲကျပေမယ့် သူစိမ်းတွေလိုပင်နေကြသည်။အချိန်တစ်ဝက်တောင်လ်ုသေးတယ် လီမင်ကပြီးနေပြီ ဒါပေမယ့် စာအုတ်မထပ်သေး ဘေးက ရိုင်ရယ့်ကိုသာ အရိပ်တကြည့်ကြည့်နဲ့နေသည်။မင်းဖြေနိုင်ရဲ့လာ ငါသင်ပေးထားတာတွေရရင်တော့ သေချာအောင်မှာပါ။
လာ...လာလာ ဟေ့ကောင်တွေ အခြေနေဘယ်လိုလဲ အောင်မယ်မို့လာ ရိုင်ကစမေးလိုက်သည်။
အောင်ပြီးသား ငါတို့မေးခွန်းရထားတယ်လေကွာ မင်းရောဘယ်လိုလဲ သုံးယောက်စလုံးစိုက်ကြည့်ကာမေးလ်ုက်သည်။
အခုစာမေးပွဲကိစ္စ မပြောတော့ပဲ ငါတို့သီချင်းပြိုင်ပွဲအတွက် ပြင်ဆင်ရင်ပိုကောင်းမယ် ထင်တယ်
ဟေ့ ဒါဆိုဖြေနိုင်တယ်ပေါ့ ဝါး...ရေး...အားလုံးဖက်ပြီး အောင်ပွဲခံနေကြသည်။အခန်းထောင့်ကွယ်ရာက လှမ်းနားထောင်နေတဲ့ လီမင်လဲကျေနပ်သွားသည်။
နေ့လည်၁၂နာရီထမင်းစားချိန်မှာ ကျောင်းထဲက တင်ဆက်ခန်းကနေအသံထွက်ပွဲလာသည်။အားလုံးလဲ အာရုံစိုက်နားထောင်နေကြသည်။
မဂ်လာပါ ကျွန်တော်ကကျောင်းသားဥက္ကဌ လီမင်ဖြစ်ပါတယ်။အခုလို ကျောင်းသူကျောင်းသားတွေနားနေချိန်လေးမှာ သီချင်းတစ်ပုဒ်တင်ဆက်ပေးချင်ပါတယ်။ ဒီသီချင်းက ကျွန်တော်ကိုယ်တိုင်ရေးပြီးဆိုထားတာပါ
💿🎙လမ်းခရီးများအဆုံးထိမရောက်ခင် ...လေထဲကအိမ်ငယ်လေး လဲပြိုပြီ စတေးခဲ့သမျှ တစ်ခုမှအဖက်မတင်...မှန်းထားသမျှအရာရာနောက်ကျကုန်ပြီ...ပြန်မျှော်နေမိ...ပြန်လာချိန်လေး...ယုံကြည်နေမိ..ဖြစ်ပျက်ခဲ့သမျှတောင်းပန်တယ် ပြန်လိုချင်မိ...နင်ခိုဝင်ချိန်လေး...ရင်ထဲလမ်းရှင်းထားတယ် တသက်လုံးအေးချမ်းသွားမယ် အကုန်လုံးကျောခိုင်းထားတယ် မင်းလေးတစ်ယောက်ကလွဲရင်...🎼🎼🎼🎙
သီချင်းကိုစာသားတွေက တကယ်ခံစားလို့ရတယ် လီမင်ပီသပါပေတယ် ဘက်စုံထူးချွန်သူလေး နာထရိုင်ကချီးကျုးလိုက်သည်။
YOU ARE READING
My school lover📚🎧
Fanfictionမင်းနဲ့သူငယ်ချင်းလုပ်ဖ်ု့အစကတည်းကစိတ်ကူးမရှိဘူး ဒါကြောင့်ငါထူးခြားနေခဲ့တာမင်းအတွက်သီးသန့်ပဲ (uni) ဇာတ်လမ်းထဲတွင်ပါဝင်သော စာသားများနှင့် အပြုမှုများသည် မည်သူ့ကိုမှ မထိခိုက်စေလိုပါ စဥ်းစားဆင်ခြင်၍ ဖတ်တွေးပေးပါ။အမှားတစ်စုံတစ်ရာပါ ပါကဝေဖန်အကြံပေးနိုင်ပါ...