အခွင့်ရေး🎬(un+zg)

172 16 2
                                    


( uni) ပထမနေ့ကတည်းက ကံဆိုးတာပဲတော်သေးတယ်လွတ်လာလို့ ဟူး...သက်ပျင်းချလိုက်ပြီး အတန်းထဲဝင်လိုက်သည်။ရုတ်တရက်...ပတ်ထဝတ်ခေါ်သံကြောင့်ခြေလှမ်းရပ်လိုက်သည်။

ရိုင်ရယ်...ဒီဖက်မှာငါခုံဉီးပေးထားတယ်လာ...လာထိုင်..ဟက်ဟက်..

အခုမှမျက်နှာချိုလာသွေးမနေနဲ့ ဘောပဲဘာလို့ငါ့ကိုထားခဲ့တာလဲ မကျေနပ်ပဲရန်ထောင်လိုက်သည်။

ထားလိုက်ပါတော့ ငါလဲကြောက်လို့ပါ ဒါနဲ့ ကျောင်းသားခေါင်းဆောင်ကဘာမှမလုပ်ဘူးမင်းကို

ဘေးနားကကောင်လေးနှစ်ယောက်ကလဲစိတ်ဝင်တစားနဲ့ အနားကပ်လာကာ

အေး...ဟုတ်တယ် မင်းက်ုဘာပြောသေးလဲ

ဘာကိုလဲ သူကငါ့ကိုမြင်ကတည်းကကြောင်ကြည့်နေတာ ငါလဲထွက်ပြေးခဲ့တာပေါ့ဟု ခပ်ပေါ့ပေါ့ပဲဖြေလိုက်သည်။

ဟမ်...

ဘယ်လို!!!

ဟေ့...ဘယ်လိုဖြစ်နိုင်မှာလဲ လီမင်လက်ထဲကမင်းလွတ်ခဲ့တယ် ဘာအပြစ်မှမပေးပဲနဲ့ ဟုတ်လား အံသြစရာပဲ မင်းကံကောင်းသွားတယ်မှတ် သတိထားအုံး

Shh! မင်းတို့နှစ်ယောက်က ဂီတကလပ်ကလာ ဒီနားစုထိုင်နေတာဆိုတော့ ဆိုပြီးစကားလွှဲလိုက်၏။

ငါ့နာမည်က နာထရိုင် drummer

ငါကတော့ အုမ်းမက် piano တီးတယ်

ငါကတော့ ပတ်ထဝတ် guitarist

အော်သိပြီ တွေ့ရတာ ဝမ်းသာပါတယ် ငါက ရိုင်ရယ် အဆိုလဲရတယ် သီချင်းလဲရေးတယ် ဒါဆိုငါတို့ အဖွဲ့ရသွားပြီပေါ့

ကလင်...ကလင်...

ဟယ်လိုသားပြော ဘာကိစ္စရှိလို့လဲ

ဒီနေ့ကျောင်းလှုပ်ရှားမှုလေးရှိလ်ု့ အပြန်နောက်ကျမယ် အဲဒါ...

အမေပြန်နှင့်လိုက်မယ်လေ သားကိုဒရိုင်ဘာလာကြိုခိုင်းလိုက်မယ်

မရဘူး...အလောတကြီးငြင်းလိုက်သည်။

ဘာလို့လဲသား အိမ်ကိုဘယ်လိုပြန်လာမှာလဲအမေစိတ်ပူတယ် အခုခေတ်ကယောကျာ်းလေးတွေလဲဘေးမကင်းဘူး...

My school lover📚🎧Where stories live. Discover now