[Unicode]မင်းပြီးပြီလာ နားမလည်တာရောရှိလာ ဘေးနားကပ်ကာ ချိုသာစွာမေးလိုက်သည်။မေးခွန်းများစွာရှိတဲ့ ရိုင်ရယ်က အကြည့်ချင်းဆုံလိုက်ပြီး စမေးလိုက်သည်။
မင်းဘာလို့ငါ့ကိုစာမေးပွဲမကျစေချင်တာလဲ ရိုင်ရဲ့မေးခွန်းကြောင့် လီမင်လန့်သွားပြီး မျက်နှာလွှဲလိုက်သည်။
ငါမင်းကိုစာမေးတာလေ အရေးမပါတာတွေလာပြောနေတယ်
ဖြေစမ်းပါ မင်းတာဝန်အရပဲဆိုတာသေချာလာ ညအိပ်တဲ့အထိကူညီတာ
ငါပြောပြီးပြီလေ တာဝန်အရရော ပြီးတော့... အန်တီကတောင်းဆိုထားလို့ မင်းကဘာကိုသိချင်တာလဲ
ဟေ့...ငါ့အမေကိုမင်းငြင်းလို့ရတာပဲ မင်းမှာအချိန်တွေတောင်မလောက်ဘူးမို့လာ ငါတို့စတွေ့ကတည်းကမင်းပုံစံကထူးဆန်းနေတာ ငါ့အကြောင်းတွေလဲသိထားတယ် ငါမေးတာကိုအမှန်တိုင်းဖြေ မင်းငါ့ကိုသိလာ
ကိုယ်ချစ်ရတဲ့လူကိုမညာချင်ပါဘူး ဒါ ..ပေ.. မယ့် အခုပြောလိုက်ရင်လဲ ငါ့ကိုမုန်းသွားမှာ ဘယ်လိုလုပ်ရမလဲ.... ညစ်..အတွေးရှုပ်ပြီးအမှုအရာတွေကမမှန်တော့ပေ ရိုင်ကသတိထားမိပေမယ့် အဖြေကိုအာရုံစိုက်ကာစောင့်ကြည့်နေသည်။
တကယ်တော့....ငါ...ဟူး..သက်ပျင်းချလိုက်ပြီးအရဲစွန့်ကာ ငါမင်းကို...
အေး ပြော..
ငါမင်းကို...
ဒေါက်.... ဒေါက်... သားအမေဝင်လာမယ်နော် ပင်ပန်းနေကြပြီလာ အအေးလေးသောက်လိုက်ကြအုံး လီမင်ဘယ်လိုလဲသူ့အခြေနေတိုးတက်လာပြီလာ
ခုဏကအခြေအနေကြောင့် နှစ်ယောက်သားစိတ်မတင်မကျဖြစ်နေကြသည်။အအေးခွက်ကိုစိတ်ငြိမ်သွားအောင် အရင်သောက်လိုက်ပြီး
ဟုတ်ကဲ့ တစ်ဝက်လောက်တော့ပြီးပြီ အခြေနေလဲကောင်းပါတယ်
ဟုတ်ပြီ ရိုင်ရယ် သားကြိုးစားထားနော် အမေသွားတော့မယ်
ဟုတ်အမေ့ good night
အခန်းတစ်ခုလုံးပြန်ပြီးတိတ်ဆိတ်သွားသည်။လီမင်လဲ အခြေအနေ ပြောင်းသွားအောင်
ငါဒီညဘယ်မှာအိပ်ရမှာလဲ မနက်ဖြန်စောစောပြန်ရအုံးမှာ ဒီလိုလုပ်လိုက်မယ် ငါအောက်မှာအိပ်လိုက်မယ်
YOU ARE READING
My school lover📚🎧
Fanficမင်းနဲ့သူငယ်ချင်းလုပ်ဖ်ု့အစကတည်းကစိတ်ကူးမရှိဘူး ဒါကြောင့်ငါထူးခြားနေခဲ့တာမင်းအတွက်သီးသန့်ပဲ (uni) ဇာတ်လမ်းထဲတွင်ပါဝင်သော စာသားများနှင့် အပြုမှုများသည် မည်သူ့ကိုမှ မထိခိုက်စေလိုပါ စဥ်းစားဆင်ခြင်၍ ဖတ်တွေးပေးပါ။အမှားတစ်စုံတစ်ရာပါ ပါကဝေဖန်အကြံပေးနိုင်ပါ...