Part 2

912 140 10
                                    

မစ္စတာဂျော့ရှ်က ကျော်ရှိန်ကိုခေါ်ပြီး သခင်လေးအခန်းသို့ သွားသည်။တံခါးခေါက်ပြီး အထဲမှ သခင်လေးထံက ခွင့်ပြုသံကြားမှ သူတို့ဝင်သွားကြသည်။သခင်လေးက ပြတင်းပေါက်ဘေးရှိ ကုလားထိုင်တွင် ထိုင်နေကာ စာဖတ်နေသည်။ဝင်ပေါက်ကို ကျောပေးထားပြီး ပြတင်းပေါက်ကို မျက်နှာမူထား၍ မျက်နှာကိုတော့ သေချာမမြင်ရသေး။ကျော်ရှိန် အလိုအလျောက် လက်သီးဆုပ်လိုက်မိသည်။

"သခင်လေးဝီလန် ဒါက သခင်လေး ဗမာပြည်မှာ နေတုန်း အမှုကိစ္စကြီးငယ်ကို ဆောင်ရွယ်ပေးမဲ့ အစေခံပါ"

သခင်လေးက စာအုပ်ကို ကိုင်ထားရင်းမှာပင် နောက်လှည့်ကြည့်လာသည်။သခင်လေးရဲ့မျက်နှာကို မြင်လိုက်ရသည့် အခိုက်အတန့် ကျော်ရှိန် တစ်ယောက် အသက်ရှူမှားသွားရသည်။သခင်လေးရဲ့မျက်လုံးလေးတွေက ကောင်းကင်ပြာကြီးလို လင်းလဲ့နေပြီး မျက်တောင်ရှည်လေးတွေက ကော့ညွှတ်နေကာ လှပသည့် မျက်ဝန်းတစ်စုံကို ဝန်းရံထားသည်။ရွှေရောင်ဆံပင်ကောက်ကောက်များက နားကိုဖုံးအုပ်ထားပြီး နှုတ်ခမ်းလေးများက နီထွေးနေသည်။ဖြူဖွေးနုနယ်သည့် အသားအရည်က တိမ်ဆုပ်လေးတွေအလား။

တစ်ချက်မြင်လိုက်ရရုံနှင့် တစ်သက်လုံး မမေ့နိုင်သည့် အလှတရားမျိုးက သခင်ဘေးထံတွင် ဖြစ်တည်နေသည်။ဒီလိုအလှတရားမျိုးက မြင်ဖူးသမျှ ဇာတ်မင်းသား၊ယောကျာ်းမင်းသမီးတွေထက်ပင် လှလွန်းနေသည်။ဗြိတိသျှနိုင်ငံသား သခင်‌‌လေးက ထူးခြားပြီး လှလွန်းနေသည်။ကျော်ရှိန်ကိုမြင်လိုက်ရသည့်အခါ သခင်လေးရဲ့မျက်လုံးတွေက အနည်းငယ် ကျယ်ဝန်းသွားသည်။ကျော်ရှိန် သခင်လေးမျက်နှာကို ကြည့်ပြီး အကြည့်တွေက လည်တိုင်သို့ရောက်သွားသည်။လည်တိုင်လေးက ကျော့ရှင်းနေကာ ဖြူဖွေးလှပသည်။ထိုမှတဆင့် စာအုပ်လေးထံသို့ အကြည့်ရောက်သွားသည်။

သခင်လေးကိုင်ထားသည့် စာအုပ်စာမျက်နှာပေါ်တွင် စာလေးတစ်ကြောင်းက ရှိနေသည်။

/Love is simply the name for the desire and pursuit of the whole.

                                   Plato./

"အချစ်ဆိုတာက ဘဝတစ်ခုလုံးအတွက်တောင့်တခြင်းနဲ့ ရအောင်ကြိုးပမ်းအားထုတ်တာကို ရိုးရှင်းစွာ အမည်‌တပ်ထားတာပါပဲ

Daydream in Burma (ခေတ္တရပ်နား) Where stories live. Discover now