Part 4

605 93 14
                                    


စံအိမ်တော်ထဲတွင် စန္ဒယားသံလေးက သာယာနာပျော်ဖွယ် ပျံ့လွှင့်နေသည်။လူးစစ်ရဲ့လှပသည့် လက်ချောင်းလေးတွေက စန္ဒယားခလုတ်လေးတွေပေါ် ပြေးလွှားနေပြီး မြင်ရသူအပေါင်းကို ညှို့ယူသွားသည်။

နံနက်ခင်းနေရောင်က လူးစစ်တစ်ကိုယ်လုံးပေါ် လွှမ်းခြုံထားကာ မြင်ကွင်းက သိမ်မွေ့လို့နေသည်။ရှည်လျားကော့ညွှတ်သည့် မျက်တောင်ရှည်လေးတွေကို အောက်ချလို့ သံစဉ်အပေါ် စီးမျောခံစားကာ တီးခတ်နေပုံက ‌ပတ်ဝန်းကျင်မှ လူတွေအားလုံးရဲ့အာရုံကို ဖမ်းစားထားသည်။

ကျော်ရှိန် သခင်လေးရဲ့ဖိနပ်တွေကို လက်ကိုင်ပဝါလေးနှင့် ဖုန်သုတ်နေရင်း ငေးကြည့်နေမိသည်။လူးစစ်က ဒီကမ္ဘာလောကနှင့် လုံးဝမသက်ဆိုင်‌သည့် သန့်စင်သောဖြစ်တည်မှုဟု ‌ယုံကြည်နေမိသည်။

စန္ဒယားသံက ရပ်တန့်သွားသည်။ကျော်ရှိန် နှလုံးသားက ထူးခြားစွာ လှုပ်ခတ်သွား၏။လူးစစ် စန္ဒယားခုံမှ ထလာပြီး ကျော်ရှိန် ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

"ငါ တီးတာ ဘယ်လိုနေလဲ"

"အရမ်းနားထောင်လို့ကောင်းတယ်"

"တကယ်လား"

"အင်း"

လူးစစ်ရဲ့ နှုတ်ခမ်းထောင့်လေးတွေ ကော့တက်လာပြီး နှစ်လိုဖွယ်ဖြစ်အောင် ပြုံးလိုက်သည်။ကျော်ရှိန် ဖိနပ်လေးကို စင်ပေါ်တင်လိုက်၏။

"ရှိန် လာ အပြင်မှာ သွားကစားကြမယ်"

"ဟုတ် လူးစစ်"

လူးစစ်က ကျော်ရှိန်လက်ကို ဆွဲယူပြီး အပြင်ကို ပြေးထွက်သွားသည်။မင်းကြီးက ထိုမြင်ကွင်းကို ဧည့်ခန်းမှ လှမ်းမြင်လိုက်သည်။ထို့နောက် သတင်းစာကို ကော်ဖီခွက်ကို အသာမော့သောက်လိုက်ပြီး

"ဂျော့်ရှ်"

"ဟုတ်ကဲ့ပါ မင်းကြီး"

"လူးစစ်က အသက်ဘယ်လောက်ရှိပြီလဲ"

"နောက်လထဲမှာ ၁၄နှစ်ပြည့်ပါတော့မယ်"

"ဩ"

"ဘာဖြစ်လို့ပါလဲ မင်းကြီး"

"အစေခံက လူးစစ်ကို နာမည်ခေါ်လိုက်သလားလို့"

Daydream in Burma (ခေတ္တရပ်နား) Where stories live. Discover now