Part 5

637 72 7
                                    

<Unicode>
တစ်ညလုံး ဒူးထောက်နေခဲ့ရပြီးသည့်နောက် ခေါင်းတွေက တရိပ်ရိပ်မူးလာသည်။ရေတစ်စက်မှ မသောက်ဘဲ နေခဲ့ရသည့်အတွက် လည်ချောင်းတွေက ကြမ်းရှနေ၏။မနက်ခင်း နေခြည်မှ တစ်ဆင့် နေ့ခင်းနေရှိန်သို့ပြောင်းလဲသွားပြီး ကျော်ရှိန် နှုတ်ခမ်းသားများမှာ အက်ကွဲလာချေပြီ။နေပူပူအောက်တွင် ဒူးထောက်နေရင်း တစ်ကိုယ်လုံးပူလောင်လာ၏။‌လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။အိမ်တော်ထဲမှ သခင်လေးက သတိရသည် မရသည် မသိရသေး။မူးလဲသွား၍ မဖြစ်ပါချေ။

ကျော်ရှိန် အက်ကွဲနေသည့် နှုတ်ခမ်းသားတွေကို လျှာနှင့် အသာသပ်လိုက်သည်။ဘေးဘီဝဲယာကို ကြည့်မိတော့ ဘစိန်နှင့်ဘသိန်းက စိတ်မကောင်းသည့် မျက်လုံးများဖြင့် ဂရုဏာသက်စွာကြည့်နေသည်။ကျော်ရှိန် ထိုအကြည့်များကို လျစ်လျှူရှုပြီး ခေါင်းငုံ့လိုက်ပြန်သည်။

နေရှိန်က ပြင်းလွန်းလှသည်။နဖူးတွင် ချွေးတဒီးဒီးကျလာပြီး မျက်လုံးထဲသို့ ချွေးစက်တွေ ဝင်ရောက်သွားသည့်အခါ မျက်လုံးများက စပ်ဖျဉ်းဖျဉ်း။အရိပ်‌လေးကျရောက်လာသည်။ကျော်ရှိန် မျက်လုံးတွေကို လက်နှင့်ပွတ်ကာ ခေါင်းမော့ကြည့်လိုက်သည်။

လူးစစ်က အပြာရောင်ထီးတစ်လက်ကို ကိုင်ထားပြီး ကျော်ရှိန်ကို အုပ်မိုးပေးသည်။သူ့ခေါင်းက ပတ်တီးစည်းထားရပေမဲ့ မျက်နှာလေးကတော့ သွေးရောင်လွှမ်းကာ ကြည်လင်နေလေသည်။ ဖြူစစ်နုနယ်ပြီး ညှို့ယူနိုင်စွမ်းအပြည့်ရှိသည့် အပြစ်ကင်းသော မျက်ဝန်းပြာလေးတစ်စုံ။

ကျော်ရှိန် ရင်ထဲ ကြည်နူးမှုတွေ တိုးဝင်လာပြီး ချက်ချင်းထရပ်လိုက်သည်။သို့သော် အချိန်အတော်ကြာ ဒူးထောက်ထိုင်ထားရသောကြောင့် ဒူးတွေက မခိုင်တော့။ခန္ဓာကိုယ်က ယိုင်လဲသွားပြီး မြေပြင်ပေါ် ဖင်ထိုင်လျက်ကျသွားသည်။လူးစစ်က ပြုံးလျက်သားဖြင့် ကျော်ရှိန်ကို လက်ကမ်းပေးလာသည်။‌ကျော်ရှိန် ပြုံးကာ လူးစစ်လက်လေးကို ဖမ်းဆွဲလိုက်လေသည်။

"လူးစစ် ကျွန်တော် အရမ်း စိတ်ပူနေခဲ့တာ"

"သက်သာပါတယ် အရမ်းလန့်သွားလို့ပါ"

Daydream in Burma (ခေတ္တရပ်နား) Where stories live. Discover now