အပိုင်း(၉)

1.6K 163 1
                                    

အပိုင်း(၉)

တံခါးမပေါက်ကတင်းတင်းကျပ်ကျပ်ကိုပဲပိတ်လို့နေခဲ့ပါတယ်. လင်ရှန်းကမင်းသမီးနာမည်သုံးပြီး လူအားလုံးကို ဆိုးဆိုးဝါးဝါးကိုပဲ ခြိမ်းခြောက်ထားခဲ့လေတော့ ဘယ်သူကမှအနားကပ်မလာရဲတာပဲဖြစ်သည်. ရလဒ်အနေနဲ့ကတော့ လင်ရှန်းအပြင်းအထန်ကို တံခါးကိုထုရိုက်နေခဲ့ကာမူ မည်သူတစ်ဦးတစ်ယောက်ကမှ အသံကိုမကြားခဲ့တာပဲဖြစ်သည်။

အဲဒီအချိန်အခိုက်အတန့်မှာပဲ လိန်ဖန်က တရွေ့ရွေ့နဲ့နီးကပ်လာခဲ့ပါတယ်။ လင်ရှန်းက ကျားတစ်ယောက်ရဲ့အနံ့အသက်ကို သူ့ရဲ့ကိုယ်ခန္တာထံကနေ ရနေပါပြီ. သူမ အလိုအလျောက်ကို သူမရဲကျောရိုးတစ်လျောက်ကနေပြီးကြက်သီးတဖြန်းဖြန်းထလာခဲ့ပါတယ်။

လက်တစ်ဖက်က သူမရဲ့ပုခုံးပေါ်ကိုကျရောက်လာခဲ့ပါတယ်။

ချက်ချင်းပင် လင်ရှန်းတစ်ယောက် မီးမြိုက်ခံရတော့မလို ခုန်ထွက်လိုက်ပါတယ်။

" အရမ်းမဆင်မခြင်မလုပ်ပါနဲ့! ငါကယောက်ျားတစ်ယောက်ပါ! ယောက်ျားတစ်ယောက်! သေသေချာချာကြည့်စမ်းပါ! ဒါအမှန်ပဲ! မင်းဒီမှာတွေ့လား? ငါ့မှာရင်သားတစ်ခုတောင်မရှိဘူး!" လင်ရှန်းတစ်ဘက်လှည့်ပြီး အလွန်ကျယ်လောင်စွာနဲ့ သူမရဲ့ရင်ဘတ်ကို ပုတ်ရိုက်လိုက်ပြီးပြောလိုက်တယ်။

'ဒီမှာ? တစ်ခုခုပြောပါဦးလား! ကျွန်မကိုယ်ကျွန်မ ထုနှက်နေရတာ ရှင် ကျွန်မကိုမထိခင်ကို ကျွန်မရဲ့အတွင်းကလီစာတွေတောင်သွေးစီမ်းရှင်ရှင်ထွက်ကျလာတော့မယ်။'

လိန်ဖန်ဆီက လှုပ်ရှားမှုတစ်ခုလေတောင်မကြားရလေတော့ လင်ရှန်းတစ်ယောက် အတင်းအကြပ်ဖိမှိတ်ထားတဲ့ သူမရဲ့မျက်လုံးတွေကို တိတ်တိတ်လေးဖွင့်လိုက်ပြီး လိန်ဖန်ကိုကြည့်လိုက်တယ်. သူ့ရဲ့လက်ရှိစိတ်အခြေအနေက ဘာဖြစ်နေလဲဆိုတာ ပြောရခက်ပါတယ်. သူ့ကိုကြည့်ရတာ အားနည်းပြီးတော့ ကူရာမဲ့နေသလိုပါပဲ.. အဲဒါက သူ့ကို ရှုးသွတ်နေတဲ့ ပုံပေါက်ပေမယ့်လဲ အခုထက်ထိတော့ သူ့ကိုကြည့်ရတာအနည်အကျဉ်း​​တော့ စိတ်ချုပ်တည်းနိုင်ပုံရပါတယ်။

"ကြင်ယာတော်မင်းသား.... ခင်ဗျား......စိုးရိမ်ဖို့မလိုပါဘူး ....." ဆေးတွေကြောင့် လိန်ဖန်အတွက် စကားပြောဖို့ကိုတောင် ခက်ခက်ခဲခဲအားယူနေရပါတယ်. သူ့ရဲ့ကိုယ်တွင်းခံနိုင်ရည်အားတွေက ကျဆင်းလာပေမယ့်လည်း သူက သူ့ကိုယ်သူအခြေနေတစ်ခုအထိတော့ ပြန်ရပ်တည်နိုင်ဖို့တော့ စွမ်းဆောင်နိုင်ပါသေးတယ်။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ [Myanmar translation](Completed)Where stories live. Discover now