အပိုင်း ၃၄

1.1K 179 8
                                    

ဒီမေးခွန်းက အရမ်းကို ရုတ်တရတ်ဖြစ်လွန်းတာကြောင့် ဟယ်ကျန်း ​​တခဏလောက် အံ့အားသင့်သွားခဲ့ပြီး သူ့နှလုံးခုန်နှုန်းတွေ တုန်ခါသွားရပြန်သည်။

သူ ဒီအပိုင်းကို လုံးဝ မတွေးဝံ့ခဲ့ဘူး။ ဒီအကြောင်းကို သူတွေးလိုက်တာနဲ့ကို သူ့ဝမ်းဗိုက်ကို ဓားနဲ့ခုတ်ခံရသလိုကို ခံစားနေရသည်။ အဲ့ဒီဝေဒနာက တကယ်ခံစားရသလိုမျိုးကို စစ်မှန်လွန်းနေပြီး ဝမ်းဗိုက်ကို လှီးဖြတ်လိုက်သည့်အခါမှ ဖြစ်သွားတဲ့ ဆဲလ်တွေကိုတောင် သူ ခံစားကြည့်လို့ရသည်။ တစ်လက်မ ပြဲသွားတိုင်း ပြင်းထန်သည့် နာကျင်မှုတို့ တိုးတိုးလာရကာ နောက်ဆုံးမှာတော့ ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး အနှီလက်က အရေပြားကို ဆုတ်ဖြဲကာ ဝမ်းဗိုက်ထဲသို့ တိုးဝင်သွားသောအခါ ဦးရေပြားတွင် ထိတ်လန့်တုန်လှုပ်ချောက်ချားသည့် ခံစားမှုအဖြစ် ခံစားရလေသည်။

သူ့ဗိုက်ကို ကိုင်ထားရင်း မျက်နှာက ဖြူဖျော့လာပြီး ကြောက်စရာကောင်းတဲ့ မြင်ကွင်းကို ဝဲပစ်လိုက်ကာ ငြိမ်ငြိမ်လေး ရပ်နေလိုက်သည်။

ဟယ်ကျန်း၏ တုံ့ပြန်မှုများကြောင့် ဖန့်ထျန်းကျို၏မျက်ခုံးတို့ တွန့်သွားပြီး ဘာမှ မပြောတော့ဘဲ ခေါင်းကို လှည့်လိုက်သည်။

ဖန့်ထျန်းကျိုက သူ့ကို သတ်ဖို့ တခြားနည်းကို မစဉ်းစားနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်လို့လဲ၊ အဲ့ဒါကြောင့်လာစနည်းနာတာ ဖြစ်မည်။ သူက အခု မလှည့်စားရသေးသလို၊ ပုန်ကန်မှုလည်း မလုပ်ရသေးဘူးလေ။ အကယ်၍ အခုနေမှာ သူ့ကို တကယ် သေစေ့ချင်တယ်ဆိုရင် အရမ်းကြီးတော့ ဆိုးဆိုးဝါးဝါး ဖြစ်လောက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူ ဘယ်လို သေခဲ့တယ်ဆိုတာကို ဖန့်ထျန်းကျိုကို ပြောပြလိုက်လို့ ဖန့်ထျန်းကျိုက အတွေးအမြင်ပွင့်သွားခဲ့ပြီး အဲ့အတိုင်းကြီး တကယ်လုပ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ?။

ဖန့်ထျန်းကျိုက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ အနားတိုးလာပြီး သူ့ကို အသက်ရှူမဝနိုင်အောင် တွန်းအားပေးလိုက်ကာ "ငါ့ကိုကြည့်၊ ပြော"

အာဏာရှင် ဧကရာဇ်၏ ဧကရီမိဖုရားWhere stories live. Discover now