ဖန့်ထျန်းကျိုက မတ်တပ်ထရပ်လိုက်ပြီး သူ့မျက်တောင်များ ဆင်းသွားပြီး သူ့ကို မကြည့်မီ ကိုယ်ခန္ဓာက ဖုန်မှုန့်များကို ခါချလိုက်သည်။
ဟယ်ကျန်းက အပြုံးကို ထိန်းထားလိုက်ပြီး သူ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
"ပြန်တော့" ဖန့်ထျန်းကျိုက ပြန်ဖို့ ဦးဆောင်လိုက်သော်လည်း ဟယ်ကျန်းကတော့ အနောက်က မလိုက်လာပေ။ သူက ရုတ်တရက် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ဝမ်းဗိုက်ကို ဆုပ်ကိုင်လိုက်ရင်း "အင်း..."
ဖန့်ထျန်းကျိုက ရပ်တန့်သွားပြီး သူ့ကို လှည့်ကြည့်လာ၏။
ဟယ်ကျန်းက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ဒေါသထွက်ထွက်နှင့် ပြောလိုက်သည်၊ "ကျွန်တော့်ဗိုက်က နည်းနည်းနာနေတယ်၊ အစားများသွားလို့လား ဒါမှမဟုတ် မင်းသားလေးက အထဲမှ မနေချင်လို့လားဆိုတာတော့ ကျွန်တော် မသိ..."
ဖန့်ထျန်းကျိုက သူ့ထံ တိတ်ဆိတ်စွာ လျှောက်လာပြီး ပေါ့ပေါ့ပါးပါး ပြောလိုကသည်၊ "ကျန်းအာအတွက် ကိုယ်တော် ပွတ်ပေးရမလား?"
ဟယ်ကျန်းက သူ့ကို တစ်စက္ကန့်လောက် ကြည့်လိုက်ပြီးနောက် မှုန်ကုပ်ကုပ်နှင့် ထရပ်လိုက်ပြီး သူ့အနောက်ကနေ လိုက်သွားရင်းမှ ရုတ်တရက် ပြောလိုက်သည်၊ "ကျွန်တော်က အမှန်ကို ပြောနေတာ"
ဖန့်ထျန်းကျိုက သူ့ကို လျစ်လျူရှုလိုက်သည်။ ဟယ်ကျန်း၏ နှလုံးခုန်သံတို့ မြန်လာရကာ သတ္တိကိုးလိုက်ပြီး သူ့လက်မောင်းကို ဆွဲလိုက်ရင်း "ဘယ်လိုလုပ်များ အဲ့လို ပြောနိုင်ရတာလဲ?" ဟု ပြောလိုက်သည်။
ဖန့်ထျန်းကျိုက သူ့လက်မောင်းကိုသူ ပြန်ဆွဲယူလိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်၏။
ဟယ်ကျန်းက ရပ်လိုက်ပြီး အနောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ိုက်ပြီးနောက် လှည့်ကာ မိုးမခပင်အောက်သို့ ပြန်ပြေးသွားလိုက်သည်။
ဖန့်ထျန်းကျိုက သူ့ကို လှမ်းတားလိုက်ပြီး မကြည်မသာမျက်နှာနှင့် သူ့ကို ကြည့်လိုက်ကာ၊ "ရပ်လိုက်" ဟု ပြောလိုက်သည်။
YOU ARE READING
အာဏာရှင် ဧကရာဇ်၏ ဧကရီမိဖုရား
Storie d'amoreအာဏာရှင်ဧကရာဇ်၏ ဧကရီမိဖုရား Associated Names 嫁给暴君的男人[穿书] Author 乔柚 English Title: The man who married Tyrant Status in COO 88 Chapters + 26 Extras အပိုင်း ၁ မှ အပိုင်း ၃၀ထိ ဘာသာပြန်ဆိုထားခဲ့သူ adultyaoi18 အပိုင်း ၁ မှ အပိုင်း ၃၀ထိ ဘာသာပြန်ဆိုထားခဲ့...