"ဆူးလ်ဂီ ဘာဖြစ်လာတာလဲ"
အခန်းတံခါးကိုအလျင်စလိုဖွင့်၀င်လာတဲ့
ဆူယောင်းက ဆူးလ်ဂီပို့တဲ့စာကိုမြင်မြင်ချင်း အိမ်ကိုလိုက်လာသည်။"ဘယ်လိုဖြစ်လာတာလဲ။ သူ့ကိုတွေ့လိုက်ရတယ်ဆိုတာကရော ဘာစကားလဲ"
ဆူယောင်းက အခန်းထောင့်မှာခွေခွေလေးဒူးကျုံ့ထိုင်နေတဲ့ဆူးလ်ဂီအနားရောက်လာပြီး တိုးတိုးလေးမေးသည်။
"ငါမေးတာဖြေပါဦး ဆူးလ်ဂီရဲ့။ သူဆိုတာ ဂျူဟျွန်းမလား"
ဆူးလ်ဂီခေါင်းငြိမ့်တော့ ဆူယောင်းလည်း ကြမ်းပြင်ပေါ်ပုံပုံလေးထိုင်ကျသွားတယ်။ တသိမ့်သိမ့်ငိုနေတဲ့ဆူးလ်ဂီကိုဖက်ထားပေးပြီး အားပေးတယ်။
"နင်ဖြစ်ပါ့မလား။ ငါည ဒီမှာအိပ်မယ်"
"ငါအဆင်ပြေပါတယ်"
အငိုတိတ်သွားတဲ့ ဆူးလ်ဂီကိုမေးတော့ ဘာမှမဖြစ်သလိုထပ်ပြုံးတယ်။ ဆူယောင်း သူ့ကိုစိတ်မပူစေချင်လို့ဆိုတာသိပါတယ်။ ဂျူဟျွန်းကိုထားခဲ့တဲ့နေ့တုန်းကလည်းဒီလိုပဲ။ ဆူယောင်းဆီရောက်လာပြီး ဘာမှလည်းမေးမြန်းမလို့မရနဲ့။ အရူးတစ်ယောက်လိုငိုကြွေးပြီး "ငါသူ့ကိုထားခဲ့တယ်" ဆိုတာကိုပဲ တဖွဖွပြောရင်း သူ့ကိုယ်သူရိုက်နှက်နေခဲ့တာလေ။ ငယ်စဉ်ကတည်းကသူငယ်ချင်းဖြစ်ခဲ့တဲ့ ဆူးလ်ဂီအခုလိုဖြစ်နေတာကို ဆူယောင်းလည်းပထမဆုံးမြင်ဖူးခဲ့တာ။
"ဂျူဟျွန်းက ဘယ်ကိစ္စနဲ့များဒီကိုရောက်လာတာလဲ"
"ငါမသိဘူး ဆူယောင်း"
"အင်း...ရုတ်တရက် မမျှော်လင့်ဘဲ တွေ့လိုက်ရတော့
နင်လည်းလန့်သွားမှာပဲ""မဟုတ်ဘူး။ ငါနေ့တိုင်း အချိန်တိုင်းကိုမျှော်လင့်နေခဲ့ရတဲ့အရာပါ။ ဒါပေမဲ့လည်း ခံနိုင်ရည်မရှိဘူး ဆူယောင်းရယ်။ ဘယ်လောက်ပဲ ကြိုးစားခဲ့ ကြိုးစားခဲ့ ငါဂျူဟျွန်းကိုမမေ့နိုင်ခဲ့ဘူး"
နှလုံးသားရဲ့အလိုဆန္ဒကိုလွန်ဆန်ခဲ့တဲ့ နောင်တတွေ။
အရာအားလုံးကိုတစ်ကိုယ်ကောင်းဆန်ခဲ့ရင်ရရဲ့သားနဲ့။ သိပ်ချစ်ပါတယ်ဆိုတဲ့မိန်းမလက်ကိုတွဲပြီး ၀င့်၀င့်ကြွားကြွားတလောကလုံးကိုအရွဲ့တိုက်လို့ရနိုင်ရဲ့သားနဲ့။ နောက်ဆုံးတော့ ဘ၀နှစ်ခုကိုအပျက်ခံတယ်။
YOU ARE READING
Her
Random"မင်းတို့ကိုမချစ်ခဲ့ပါဘူး ဆူးလ်ဂီ.. မင်းသဘောနဲ့မင်း တို့ဘ၀ထဲဝင်လာတဲ့အချိန်ကစပြီး ထွက်သွားတဲ့အချိန်ထိ မချစ်ခဲ့ဘူး။ချစ်ခဲ့မိတယ်လို့ မှားထင်ခဲ့ရုံပါ"