"ဂျူဟျွန်းရေ ပြီးပြီလား။ ငါတို့အောက်ကနေပဲစောင့်တော့မယ်။ ဖြေးဖြေးဆင်းခဲ့နော်"
သူငယ်ချင်းသုံးယောက် ဂျယ်ဂျူးမြို့အနှံ့ကိုလျှောက်လည်မည်ဖြစ်၍ မနက်စောစောပြင်ဆင်ထားကြသည်။ ပုံမှန်အတိုင်းသာဖြစ်နေသောဂျူဟျွန်းကို ဂျီဆူးတို့နားမလည်နိုင်သော်လည်း လက်ခံရသည်။ နာကျင်မှုတွေတနင့်တပိုးထမ်းထားရသည့် ဂျူဟျွန်းမဟုတ်တော့သောကြောင့် ဂျီဆူးတို့လည်း စိတ်သက်သာရာရမိသည်။
"လှလိုက်တာ။ ဂျန်ချုပ်ထားတဲ့၀တ်စုံက ဂျူဟျွန်းနဲ့ပိုလိုက်သလိုပဲနော်"
"အင်း ဟုတ်တယ်။ အဖြူရောင်က ဂျူဟျွန်းနဲ့အလိုက်ဆုံးပဲ"
ဒီဇိုင်နာဖြစ်သည့် ဂျန်းနီကအမြဲဆင်တူ၀တ်စုံချုပ်ပေးလေ့ရှိသည်။ အခုလည်းဒီဇိုင်းတူပြီး အရောင်သာကွဲသောဂါ၀န်က ဂျူဟျွန်းနဲ့ပိုလိုက်ဖက်သည်။
"သွားကြမယ်။ ဒီနေ့တစ်နေကုန် ပျော်လိုက်ရအောင်"
"မသိရင် အရင်ကရော မပျော်တဲ့အတိုင်းပဲ ကင်ဂျီဆူးရယ်"
တစ်လေသံတည်းပြောသွားသည့် ရည်းစားနှင့်သူငယ်ချင်းကြောင့် ဂျီဆူးကြောင်တောင်တောင် ကျန်ရစ်ခဲ့သည်။
"အိမ်တံခါးသေချာပိတ်ခဲ့နော်"
နှစ်ယောက်မရှိသောရည်းစားအမိန့်ကြောင့် အိမ်တံခါးကိုသော့ခတ်ပြီး ကားရှိရာပြေးသွားရသည်။ ကားမောင်းသူနေရာတွင် ဂျူဟျွန်းရှိနေပြီး နံဘေးတွင် ဂျန်ထိုင်နေသောကြောင့် သေချာပေါက်ဂျီဆူးအနောက်မှာထိုင်ရတော့မည်။
"ငါမောင်းမယ်လေ ဂျူဟျွန်း"
"ရတယ် နင်ညကအိပ်ရေးပျက်ထားဝာာ။ ဒါနဲ့ဘယ်ကိုအရင်သွားမှာလဲ"
"ဂေဟာအရင်သွားမယ်။ ပုံကြမ်းပေးရမှာမလို့"
ဂျီဆူးတစ်ညလုံးအချိန်ပေးဆွဲထားသည့် ကျောင်းအဆောင်သစ်ပုံကြမ်းကို ဂေဟာမှူးဆီသို့အရင်ပို့ရမည်။ မြို့မှလှူဒါန်းထားသည့်အလှူငွေတချို့နှင့် ဂျီဆူးမိသားစုတို့ကမတည်ပြီး ကလေးများအတွက် စာသင်ကျောင်းဆောင်အသစ်ဆောက်ဖို့ဖြစ်သည်။
YOU ARE READING
Her
De Todo"မင်းတို့ကိုမချစ်ခဲ့ပါဘူး ဆူးလ်ဂီ.. မင်းသဘောနဲ့မင်း တို့ဘ၀ထဲဝင်လာတဲ့အချိန်ကစပြီး ထွက်သွားတဲ့အချိန်ထိ မချစ်ခဲ့ဘူး။ချစ်ခဲ့မိတယ်လို့ မှားထင်ခဲ့ရုံပါ"