"မြင်မြင်ချင်းမှာပဲမြတ်နိုးမိသွားတဲ့ မိန်းကလေးပါ။
သူ့အတွက်ဆို အရာအားလုံးနဲ့လဲနိုင်တာမလို့ ကျေးဇူးပြုပြီး ဟျွန်းကိုလုမယူသွားပါနဲ့"ဒေါက်တာကဆူးလ်ဂီရှေ့မှာဒူးထောက်ချပြီးတောင်းပန်နေတယ်။ ဆူးလ်ဂီကြောင့်နဲ့ထပ်ပြီး ဂျူဟျွန်းစိတ်တွေပြိုလဲသွားမှာကို ဒေါက်တာကြောက်ရွံ့နေတာ ခံစားရပါတယ်။ ဆူးလ်ဂီလည်းဒေါက်တာလိုပဲ။ ဂျူဟျွန်းကိုပထမဆုံးအကြိမ်တွေ့တွေ့ချင်းမှာပဲ ချစ်ခဲ့မိတာလေ။ ဌာနရှေ့မှာအတန်းဖော်ဂျီဆူးကို လာကြိုတဲ့ဂျူဟျွန်းကို ဆူးလ်ဂီလည်းမြင်မြင်ချင်းမြတ်နိုးခဲ့တာ။ ကိုယ်ဘက်စပြီးမေတ္တာကြိုးတွေ ချည်နှောင်ခဲ့ပေမဲ့ ဆူးလ်ဂီပဲဖြတ်တောက်ပစ်ခဲ့တာပါ။
အခုတော့မေတ္တာတွေစူးနေပြီ ထင်ပါရဲ့။ သိပ်ကိုခံရခက်တာပဲကွယ်။ ဘ၀မကူးတဲ့၀ဋ်ကြွေးတွေကို ဒီဘ၀မှာတင်ကျေအောင်ဆပ်ပြီး နောင်ဘ၀မှာတော့ ဂျူဟျွန်းကိုပိုင်ဆိုင်ချင်ပါတယ်။"ထပါ ဒေါက်တာရယ်။ ကျွန်မတောင်းပန်ပါတယ်"
"နောက်နှစ်လနေရင် နိုင်ငံခြားကိုအပြီးတိုင်ထွက်သွားတော့မှာ။ ပြန်လာဖြစ်မယ်မထင်တော့ဘူး"
"ဂျူဟျွန်း ဆုံးဖြတ်ချက်ထင်တယ်"
အသံတိတ်သွားတဲ့ဒေါက်တာကြောင့် ဆူးလ်ဂီထင်တာမှန်နေတာပဲ။ ဂျူဟျွန်းကသူ့အတွက်နဲ့လူတစ်ယောက်နာကျင်ရတာ မကြိုက်ဘူး။ အဲ့တာကြောင့်ပဲအခုလိုဆုံးဖြတ်ခဲ့တာထင်ပါတယ်။ ဂျူဟျွန်းအနားမှာအမြဲရှိနေပေးမဲ့ ဒေါက်တာကိုလည်း ဆူးလ်ဂီယုံကြည်တယ်။ အနည်းဆုံးတော့ ဒေါက်တာကဆူးလ်ဂီလို သတ္တိမနည်းခဲ့ဘူးလေ။ ဂျူဟျွန်းအပေါ် သက်ဆုံးတိုင်မဖောက်ပြားဘဲချစ်နေမယ်ဆိုတာ ဆူးလ်ဂီယုံကြည်ပါတယ်။
🌊
ဆူးလ်ဂီတို့ဂေဟာပြန်ရောက်လာတော့ ဂျူဟျွန်းတို့က အပြင်ဘက် သစ်ပင်အောက်ရှိခုံတန်းတွင်ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသည်။
"ဘယ်တွေသွားနေတာလဲ ၀မ်"
လမ်းမှားသွားတဲ့ကလေးငယ်တစ်ယောက် အမေကိုပြန်ရှာတွေ့သလို ဂျူဟျွန်းကဒေါက်တာကိုပြေးဖက်သည်။

YOU ARE READING
Her
Diversos"မင်းတို့ကိုမချစ်ခဲ့ပါဘူး ဆူးလ်ဂီ.. မင်းသဘောနဲ့မင်း တို့ဘ၀ထဲဝင်လာတဲ့အချိန်ကစပြီး ထွက်သွားတဲ့အချိန်ထိ မချစ်ခဲ့ဘူး။ချစ်ခဲ့မိတယ်လို့ မှားထင်ခဲ့ရုံပါ"