အပိုင်း(၃)

305 46 15
                                    

"ဘယ်တွေသွားနေတာလဲ ဂျူဟျွန်းရယ်"

ဖုန်းကိုလည်းယူမသွား။ ဂျီဆူးတို့အရိပ်တကြည့်ကြည့် ကြည့်နေရင်းကနေ မျက်စိအောက်က ပျောက်သွားသော ဂျူဟျွန်းကြောင့် ခေါင်းပူနေသည်။

"ငါနဲ့လီဆာ ဟိုဘက်မှာသွားရှာမယ်"

ဂျီဆူးနဲ့ချယ်ယောင်းကိုဆန့်ကျင်ဘက်သို့ ဂျန်းနီရှာခိုင်းလိုက်သည်။ လီဆာတို့ကိုလည်း သီးသန့်ခွဲရှာခိုင်းလို့မရပြန်။  မကျွမ်းကျင်သည့်နယ်မြေကိုရောက်နေသောကြောင့် သူတို့ပါပျောက်သွားမှာစိုးသည်။ လူကြီးများကိုစိတ်ပူကြမည်စိုး၍မပြောသေးဘဲ သီးသန့်အရင်ရှာကြည့်သည်။

"ဟိုမှာ မမဂျန်"

"မပြောမဆိုနဲ့ ဘာလို့ပျောက်သွားရတာလဲ
ဂျူဟျွန်းရယ်"

"ဂျန်းနီ"

"ဆူးလ်..ဆူးလ်ဂီ"

လီဆာကအရင်ရှာတွေ့၍ ဂျန်းနီလည်း ဂျူဟျွန်းရှိရာပြေးသွားလိုက်သည်။ ဂျူဟျွန်းကိုသာစိတ်ပူနေ၍ ဆူးလ်ဂီကိုလည်းမမြင်။ ဂျန်းနီတို့အရင်တွေ့လို့သာတော်သေးသည်။ ဂျန်းနီနေရာမှာ ဂျီဆူးသာဆိုလျှင်
ဒီနေရာမှာရန်ပွဲဖြစ်နေလောက်ပြီ။

"ပြန်ရအောင် ဂျူဟျွန်း။ ဂျီဆူးသိရင်မလွယ်ဘူး"

ဂျန်းနီကဆတ်ခနဲ ဂျူဟျွန်းကိုလက်က‌နေဆွဲခေါ်သွားသည်။ ကိစ္စတွေဖြစ်ပျက်ပြီးကတည်းက ဂျီဆူးကဆူးလ်ဂီကိုဆို ခါးခါးသီးသီးမုန်းနေသည်။ တက္ကသိုလ်တွင်ဂျီဆူးနဲ့မေဂျာတူသည့်ဆူးလ်ဂီက ဂျီဆူးကနေတစ်ဆင့် ဂျူဟျွန်းကိုရင်းနှီးခွင့်ရခဲ့သည်လေ။

"ဘယ်တွေလျှောက်သွားနေတာလဲ ဂျူဟျွန်းရယ်။
မပြောမဆိုနဲ့"

"ဟိုဘက်ကို ခဏလမ်းလျှောက်သွားတာပါ"

"ငါ့ကိုလိမ်မယ်မကြံနဲ့နော်"

အရိပ်အကဲခတ်တော်သည့် ဂျီဆူးကပျက်ယွင်းနေသည့် ဂျန်းနီမျက်နှာကိုပါကြည့်ပြောသည်။

"မမကိုလိမ်တော့ဘာရမှာလဲ။ မမဂျူဟျွန်းက တကယ်ဟိုနားကကမ်းစပ်မှာလမ်းလျှောက်နေတာ"

"အဲ့တာဆိုလည်း ပြီးရော။ ပြန်ကြမယ်"

လီဆာပြောမှသာယုံသွားသည့် ဂျီဆူးကြောင့် ဂျန်းနီလည်းသက်ပြင်းခိုးချမိသည်။ ဆူးလ်ဂီကိုတွေ့လိုက်ကတည်းက လူကဟန်မဆောင်နိုင်။ ပြောချင်သည့်စကားများရှိသော်လည်း ဂျူဟျွန်းကြောင့်သည်းခံလိုက်ရသည်။ လူကြီးများလည်း ပြန်သွားပြီဖြစ်သော်ကြောင့် ဂျန်းနီတို့လည်းပြန်လာခဲ့သည်။

HerWhere stories live. Discover now