*ရေးထားတာအရမ်းကြာပါပြီ။ short story မလို့ အပိုင်းရှည်မယ်မထင်ပါဘူး။ အဆုံးထိရေးပြီးသားမလို့ update ကကြာမှာတော့မဟုတ်လောက်ပါဘူး။ မေ့သွားရင်တော့ ကြာမှာဖြစ်တဲ့အတွက် မမေ့အောင် သတိတော့ပေးကြပေါ့*
🧵
မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးအောက်မှာ နေပူဆာလှုံရင်း ဂျူဟျွန်းမနက်စာကိုစားနေသည်။ မနက်စာရယ်လို့လည်းပြောလို့မရ။ ဒီတိုင်းကော်ဖီတစ်ခွက်ကိုပဲ ၀မ်းမဟာအောင် သောက်နေတာ။ ကာရံထားတဲ့မှန်တွေကတစ်ဆင့်အပြင်ကိုငေးကြည့်မိပြန်တော့ကိုယ်စီအလုပ်ရှုပ်နေကြလူတွေ။ ကားမှတ်တိုင်မှာရပ်နေတဲ့သူတွေရယ်၊ ပြည့်ကျပ်နေတဲ့ကားကိုရုံးချိန်မမီမှာစိုးလို့ အတင်းတိုးနေကြတဲ့လူတွေရယ်။ အာရုံစိုက်ပြီးခပ်ကြာကြာကြည့်မိတော့ ခေါင်းနောက်လာလို့အကြည့်လွဲလိုက်ရသည်။
"ဒီ........."
တုန်ခါနေသည့်ဖုန်းကိုယူလိုက်တော့ ဂျီဆူးဖုန်းခေါ်ခြင်းဖြစ်သည်။ ကော်ဖီခွက်ကိုခုံပေါ်တင်လိုက်ပြီး
မှန်တံခါးတွေကိုပိတ်လိုက်သည်။"ပြော ဂျီဆူး"
"ဒီနေ့ ငါ့အိမ်မှာအိပ်ရမယ်ဆိုတာသိတယ်မလား"
"အင်း သိတယ်"
"လာခေါ်ရမလား"
"ရတယ် နီးနီးလေးရယ်ကို"
"ဘယ်အချိန်လာမှာလဲ"
"ညနေ နေအေးတဲ့အချိန်လောက်ပေါ့"
"ညစာကိုအပြင်မှာသွားစားကြမှာ။ ဘာမှစားမလာနဲ့နော်"
"အင်း ဒါပဲမလား"
"အင်း"
ဂျီဆူးနဲ့ဖုန်းပြောပြီး လိုအပ်သည်များကိုထည့်ရန် ခရီးဆောင်အိတ်ကိုထုတ်လိုက်သည်။ အ၀တ်စားအနည်းငယ်နှင့် လိုအပ်သည်များထည့်ပြီး ကုတင်ခြေရင်းတွင်ထားလိုက်သည်။ မနေ့ညကလုပ်လက်စစာတမ်းကို အပြီးသတ်ဖို့ စာကြည့်စားပွဲသို့သွားလိုက်တော့ စိတ်တွေမွန်းကြပ်လာသည်ကိုခံစားရသည်။ ဒီစာတမ်းကိုတင်ပြပြီးရင် ဂျူဟျွန်းဘွဲ့တစ်ခုထပ်ရမည်ဖြစ်သည်။ ဟိုးငယ်ငယ်ကဂျူဟျွန်းရဲ့အိပ်မက်ဖြစ်ခဲ့သည့် တက္ကသိုလ်တွင်ဆရာပြန်လုပ်ဖို့ အခွင့်အရေးနဲ့နီးစပ်နေပြီဖြစ်သော်လည်း ထင်သလောက်မပျော်ရ။ ပရော်ဖက်ဆာမလုပ်ဘဲ အထက်တန်းကျောင်းတွင်သာဆရာမအဖြစ်လုပ်ချင်သည့်အတွေးကို မွေးမိခင်ကသဘောမတူ။ စာတမ်းကိုအချောသတ်ရေးပြီးနောက် နာရီကိုကြည့်မိတော့ နေ့လည်နှစ်နာရီအချိန်ကိုညွှန်ပြနေသည်။ ဂျန်းနီ၏ ဂျူဟျွန်းကိုသူမ၀င်ခေါ်မည်ဖြစ်ကြောင်းပို့ထားသောစာကို ပြန်ပြီနောက် တစ်ခုခုစားရန် အခန်းပြင်ထွက်လာခဲ့သည်။ ရေခဲသေတ္တာဖွင့်ကြည့်တော့ သောက်စရာရေဘူးများကသာဆီးကြိုနေသည်။ တစ်ယောက်တည်းနေသည့်ဂျူဟျွန်းအတွက်တော့ မထူးဆန်းတော့သည့် ကိစ္စတစ်ခု။ ခရီးသွားရမှာကြောင့် ဈေးမသွားခဲ့သည့် ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်ရင်း ရေတစ်ဘူးသာယူခဲ့သည်။ ရေချိုးပြင်ဆင်ပြီး စာအုပ်တစ်အုပ်ဖတ်ရင်း ဂျန်းနီကိုစောင့်နေမိသည်။ ညနေလေးနာရီခန့်တွင် ဂျန်းနီရောက်လာသည်။ ခရီးဆောင်အိတ်ကိုဂျန်းနီယူလာသည့် စက်ဘီးပေါ်တင်ပြီး လူကတော့လမ်းလျှောက်ရသည်။
YOU ARE READING
Her
Acak"မင်းတို့ကိုမချစ်ခဲ့ပါဘူး ဆူးလ်ဂီ.. မင်းသဘောနဲ့မင်း တို့ဘ၀ထဲဝင်လာတဲ့အချိန်ကစပြီး ထွက်သွားတဲ့အချိန်ထိ မချစ်ခဲ့ဘူး။ချစ်ခဲ့မိတယ်လို့ မှားထင်ခဲ့ရုံပါ"