Not Spring, Love or Cherry Blossoms

681 59 8
                                    



ချယ်ရီပန်းတွေ ဝေဆာအောင် ပွင့်တဲ့ရာသီ၊
လောကကို ရောင်စုံချယ်သတဲ့ ပန်းပွင့်တွေ ဖူးပွင့်တဲ့ ရာသီ၊
သိပ်ပြီးလည်း မအေးသလို၊ ပူလည်း မပူတဲ့ နွေးပျပျ ရာသီ၊
ပတ်၀န်းကျင်မှ မြင်မြင်သမျှ အရာအားလုံးက ကြည်နူးလှပနေတဲ့ မြင်တတ်အောင် ဖန်တီးပေးတဲ့ ရာသီ၊

ပြီးတော့
သူ့ကို ကျွန်တော် စတွေ့တဲ့ ရာသီ၊

ထိုရာသီကို နွေဦးလို့ ခေါ်တယ်။

🌸




" ဆောင်ဟွန်း အရှေ့မှာ ဧည့်သည်ပြန်သွားပြီ
သွားသိမ်းလိုက်ပါဦး "

" ဟုတ်ကဲ့ "

ဆောင်ဟွန်းထက် ၁၀နှစ်ကြီးတဲ့ ဆိုင်ရှင်မမက ခိုင်းတော့လို့ သူ့ခမျာ ငြင်းလို့မရ။ ဖတ်လက်စ စာအုပ်လေးကိုချပြီး အရှေ့ကို ထွက်လာကာ ကော်ဖီခွက်နဲ့ ပန်းကန်တွေ သိမ်းဆည်းရသည်။

" အပြင်မှာ လူတွေအများကြီးပဲနော် "

" များမှာပေါ့။ အခုက ချယ်ရီပန်းပွဲတော်လေ "

ဆိုင်လေးကနေ လှမ်းကြည့်ရင် လမ်းတစ်ဖက်ခြမ်းက ချယ်ရီပန်းပင်တွေအောက်မှာ အလုအယက် ဓါတ်ပုံရိုက်နေကြတဲ့ လူငယ်တွေကို တွေ့ရသည်။

ဆောင်ဟွန်းနဲ့ ၂နှစ် ၃နှစ်လောက်ကြီးမယ့် တက္ကသိုလ်ကျောင်းသား ကျောင်းသူ လူငယ်တွေ။ ချယ်ရီပန်းပင်အောက်မှာ ပိုစ့်မျိုးစုံပေးကာ အပြန်အလှန် အမှတ်တရ ဓါတ်ပုံရိုက်ပေးနေကြသည်။

သေချာမရိုက်ပေး၍ စိတ်ကောက်ပြီး သူများကို လိုက်ရိုက်တဲ့သူက ရိုက်၊ အဖွဲ့လိုက် ပိုစ့်ဆင်တူ ပေးတဲ့သူက ပေးနဲ့ ပျော်စရာကြီးဖြစ်နေတဲ့ပုံပဲ။

" ဒီနှစ်တော့ လူကြီးတွေလည်း လာတယ် မမရဲ့ "

" သူတို့လည်း ချယ်ရီပန်းတွေ ကြည့်ချင်လို့နေမှာပေါ့ ‌ဆောင်ဟွန်းရဲ့။ တစ်နှစ်တာရဲ့ အလှဆုံးအချိန်က ချစ်ရတဲ့သူနဲ့ ဖြတ်သန်းရတဲ့ အချိန် တဲ့ "

မမ ပြောသလိုပါပဲ။ အသက် ၆၀အရွယ်လောက်ရှိတဲ့ အဘိုးနဲ့ အဘွား ၂ယောက်က လက်ချင်းဆုပ်ကိုင်ကြလို့ ချယ်ရီပင်အောက်မှာ ပျော်နေကြတဲ့ ကလေးတွေကို ကြည့်လိုက်၊ ချယ်ရီပင်တွေကို ငေးမောလိုက်၊ အပြန်အလှန် ပြန်ကြည့်ကာ အလှဆုံး အပြုံးတွေ ဖလှယ်လိုက်နဲ့ တရွေ့ရွေ့ ဖြတ်လို့သွားကြသည်။

Cherish || HeehoonWhere stories live. Discover now