Bom Bom Bom

331 55 9
                                    

그대여
너를 처음 순간 나는 바로 알았지

..................



" ကလေးတို့ ‌အဝေးကြီး လျှောက်မသွားရဘူး နောက် တစ်နာရီလောက်နေရင် ဒီမှာ ပြန်ဆုံပြီး နေ့လည်စာ စားကြမယ်နော် "

" Nae! "

ဖြူစင်လွန်းတဲ့ ကလေးငယ်လေးတွေ။
လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်လည်းပေးလိုက်ရော ပြေးပြီးတော့ကို ကစားကြတော့တာပဲ။

ဖိနပ်ကို ရွှံ့ပေမှာ၊ သဲတွေ မြက်တွေ ကပ်ပါလာမှာကိုလည်း မမှုကြ။ ကစားဖို့ကသာ သူတို့အတွက် ပထမဦးစားပေးဖြစ်နေသည်။ ချစ်ဖို့အရမ်းကောင်းတာပါပဲလား။

" ဆရာအီလည်း အထဲမှာ သွားနားပါဦးလား။
ကျွန်မ စောင့်ပေးနေမယ်လေ။ "

" မဟုတ်တာ ရပါတယ်။ ဆရာမကမှ ခဏနေ ကလေးတွေကို ချော့သိပ်ရဦးမှာဆိုတော့ အခုထဲက အနားယူပြီး အာမွေးထားသင့်တာ "

" အဟီး ဆရာအီက‌ တော်တော်နောက်တတ်တာပဲ။ ဟုတ်တော့ဟုတ်ပါတယ်။ သူတို့တွေ နေ့ခင်းတစ်ရေးတစ်မောအိပ်ဖို့ သိပ်ရတာထက် ကျားမြီးသွားဆွဲတာကမှ ဖြစ်နိုင်ပါဦးမယ်။ "

" ဟုတ်ပါ့ဗျာ။ "

" ဒါပေမဲ့ အခုလည်း ကျွန်မ စောင့်ကြည့်နေပေးလို့ရပါတယ် အကောင်းပြောတာပါ။ အမှန်ဆို ဆရာက ဒီနေ့ ကလေးတွေကို အမှတ်တရ ဓါတ်ပုံ ရိုက်ပေးဖို့အတွက်ပဲ လိုက်လာတာကို ဒီတာ၀န်တွေပါ မယူခိုင်းရက်ပါဘူး။ "

" ရပါတယ်..."

" အိမ်ရှင် အန်တီ‌ကြီးပြောတာကတော့ ဟိုးဘက်ကို နည်းနည်းဆက်သွားကြည့်ရင် တော်တော် လှတဲ့ နေရာတစ်နေရာရှိတယ်တဲ့။ တက္ကသိုလ်ကျောင်းသားတစ်ချို့လည်း field trip  ထွက်လာကြတာထင်တယ် အခုပဲ အဲ့ဘက်သွားကြတာ တွေ့တယ်။ ရေကန်ငယ်လေးလည်း ရှိတယ်ဆိုလား။ ဆရာအီ အကယ်၍ ဓါတ်ပုံတွေဘာတွေ ရိုက်ချင်ရင် အဲ့ဘက် သွားကြည့်လို့ရမယ်ထင်တယ်။ "

တစ်ချက် စိတ်၀င်စားမိသွားတယ်။ ဟုတ်တော့ဟုတ်သား။ သူ ဓါတ်ပုံကောင်းကောင်းတစ်ပုံ ရအောင် မရိုက်ဖြစ်တာတောင် ကြာပြီပဲ။

Cherish || HeehoonWhere stories live. Discover now